Arc 18.15

197 25 0
                                    

Unicode

-------------

" သခင်လေး ကျင်း ၊ ကျွန်တော်တို့ ဒီည ဒီနေရာမှာ တစ်ထောက်နားဖို့ လိုအပ်ပါတယ် "

ကျင်းဇီ က ကွာစေ့တွေကို ကြွတ်ကြွတ်အိပ်ထဲ ထည့်လိုက်ပြီး ယောင်ယောင်လေး ခေါင်းညိမ့်လိုက်တယ် ။

"ကောင်းပြီ "

သတင်းပို့ရန် လာသည့် ကောင်လေးက ကျင်းဇီ ရဲ့လက်ထဲက ကွာစေ့တွေကို မြင်လိုက်တော့ ရှုံ့မဲ့သွားရသည်.. ကျင်းဇီက ကွာစေ့တွေကို တစေ့ချင်း ခွာပေးနေတယ်.. သူမြင်တာ မမှားဘူး...

ဝေ့... ငါရဲ့ အေးတိအေးစက် သခင်လေး ကျင်း ဘယ်ရောက်သွားတာလဲ။

" ရှီရှီ" ကျင်းဇီ သည် ရှီရှန်း ၏ခေါင်းကိုထိလိုက်သည်။

ရှီရှန်း က နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်မနေပေ ။ သူမရဲ့ မျက်လုံးတွေက ဖြည်းညင်းစွာ ပွင့်လာခဲ့သည် ။

ကျင်းဇီ သည် ကွာစေ့များကိုပလတ်စတစ်အိတ် သေးသေးလေးတစ်လုံးနှင့်ထုပ်ပြီး ရှီရှန်းကို ပေးလိုက်သည် ။

"အဆာပြေ မုန့်"

ငါ အသုံးမဝင် တော့ သလိုပဲ !

ဒါ မင်းက ဝက်တစ်ကောင်လိုပဲ ။ အရာအားလုံးကို ရရှိနေပြီး လွယ်လွယ်ကူကူနဲ့ ဘဝကို ဖြတ်သန်းနေရတယ် ။ 

ကွာစေ့ထုပ် ကို သူမရဲ့ အိတ်ကပ် ထဲထိုးထည့်လိုက်ပြီး 

" ကျွန်မ တို့ ဒီနေ့ ဒီမှာ နားမှာလား "

"ဟုတ်တယ် " ကျင်းဇီ က မတ်တပ်ရပ်လိုက်ပြီး သူ့ရဲ့ လက်ကို ရှီရှန်းဆီ ကမ်းပေးလိုက်တယ် ။

ရှီရှန်းက ကမ်းပေးတဲ့ လက်ကို ကိုင်ပြီး မတ်တပ်ရပ်လိုက်တယ် ။ သူမ အကြောဆန့်လိုက်ပြီး သူမဘေးမှာ အိပ်နေတဲ့ ရီအန်း ကို တစ်ချက် ကြည့်လိုက်တယ် ။

" ကျွန်မတို့ ဒီနေ့ ဘာစားမှာလဲ " လို့မေးခဲ့ပြီး ရီအန်း ဆီ ကြည့်လိုက်တဲ့ အကြည့်တွေကို ရုတ်သိမ်းပြီး ကားပေါ်က ဆင်းသွားခဲ့တယ် ။

ယခု သူမ ဝက်လို ကြီးပြင်းလာခဲ့ပြီး ဒီနေ့ဘာစားရမလဲဆိုတာကိုပဲ သူမ စဥ်းစားနေခဲ့တယ် ။

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now