Arc 17.5

2.2K 326 0
                                    

Unicode

ဝမ်ရှန်းဂိုဏ်းအတွင်းဝယ်

ဝူချန်က ခန်းမအလယ်မှာရပ်နေပြီး လူတိုင်းကသူ့ကို စိုက်ကြည့်နေကြတယ်…

“ဂိုဏ်းချုပ်နှင့် ညီအစ်ကိုအပေါင်းတို့..” ဝူချန်တို့ သူတို့တွေကို ရိုရိုသေသေဖြင့် နှုတ်ဆက်လိုက်တယ်..

ဂိုဏ်းချုပ်က ထိုင်ခုံပေါ်မှာထိုင်နေခဲ့တယ်။ သူ့ရဲ့အသွင်အပြင်က မုတ်ဆိတ်မွှေးတွေနဲ့ ထက်မြက်ပြီးသမာသမတ်ကျတဲ့ ပုံစံမျိုး။ ဒါပေမဲ့ လောလောဆယ်တော့ သုန်မှုန်နေလေရဲ့…

“ညီလေး ဝူချန်… အခုတလော ဘယ်လိုဖြစ်လို့ ထိန်းမနိုင်သိမ်းမရဖြစ်နေရတာလဲ..”

ဝူချန်က တွန့်ကြေနေတဲ့သူ့အင်္ကျီစကို သေသပ်အောင်လုပ်လိုက်ပြီး..
“ဂိုဏ်းချုပ်.. ကျွန်တော်လည်းမရည်ရွယ်ပါဘူး… လူတစ်ချို့က ကျွန်တော့ကို လိုက်ဖမ်းနေကြတယ်…”

“ဟမ့်… အစ်ကိုဝူချန်က ဘယ်လိုလုပ်လိုက်ဖမ်းခံနေရတာလဲ??? ဝမ်ရှန်းဂိုဏ်းရဲ့ အတော်ဆုံးဆိုတဲဂုဏ်ပုဒ်ကို အစ်ကိုရထားတာပဲကို..” ဝဖိုင့်ဖိုင့်နဲ့ လူတစ်ယောက်က လှောင်ပြောင်လိုက်တယ်။

ဝူချန်က အေးအေးဆေးဆေးပဲ ပြန်လည်ချေပလိုက်တယ်..
“ကျွန်တော်က ဝမ်ရှန်းဂိုဏ်းမှာအတော်ဆုံးဆိုပေမယ့်  တလောကလုံးရဲ့အတော်ဆုံးတော့ မဟုတ်ဘူးလေ..”

ဂိုဏ်းချုပ်က လက်ဝှေ့ယမ်းလိုက်ပြီး တခြားလူတွေကိုတိတ်တိတ်နေဖို့ အချက်ပြလိုက်တယ်….
“မင်း အပြင်မှာ ဘာပြသနာရှာခဲ့သေးလဲ?” ဝူချန်ကို မေးလိုက်တယ်..

“ဘာမှ မလုပ်ပါဘူး… မြေခွေးမိစ္ဆာလေးတစ်ကောင်ကလွဲလို့ပေါ့… သူမက ကျွန်တော့ရဲ့အကြည့်အောက်မှာ ကျရှုံးသွားပြီး ကျွန်တော့ကိုလက်ထပ်ချင်နေတာလေ… ကျွန်တော်က ဆက်တိုက်ငြင်းပယ်နေခဲ့ပေမယ့် အဲ့မိစ္ဆာလေးက အတင်းအကျပ်လိုချင်နေတုန်းပဲ.. ဂိုဏ်းချုပ်လည်း သိသားနဲ့.. ကျွန်တော်က မိန်းကလေးတွေအပေါ်ကို အမြဲတမ်း သနားငဲ့ညှာတတ်တယ်လေ… ဘယ်လိုလုပ် မိန်းမတစ်ယောက်ကို တိုက်ခိုက်နိုင်မလဲ…”

ဝူချန်က ချက်ချင်းပဲ သူ့အလိမ်အညာတွေနဲ့ ရှီရှန်းကိုအပြစ်ပုံချလိုက်တယ်။ သူ,မသိလိုက်တာက သူ့ရဲ့အဓိပ္ပါယ်မရှိတဲ့စကားတွေအတွက် မကြာခင် ပြန်ပေးဆပ်ရတော့မယ်ဆိုတာကိုပဲ…

“မိစ္ဆာတွေက အခု တော်တော်ကို ရဲတင်းလာတာပဲ.. ဂိုဏ်းချုပ်.. မိစ္ဆာတွေသာ ရွှမ်ဖုန်းလွတ်မြောက်သွားပြီဆိုတာကိုသိရင် ပိုပြီးသောင်းကျန်းလာကြလိမ့်မယ်.. အခုပဲ ရွှမ်ဖုန်းကို ဖမ်းဆီးသင့်နေပြီ..”
စကားလမ်းကြောင်းက ပြောင်းသွားလေပြီ..

“ဒါပေမယ့် ရွှမ်ဖုန်းက အခုဘယ်မှာရှိနေလဲဆိုတာတောင် ငါတို့ မသိဘူးလေ… ယွဲ့ရန်ဂိုဏ်းကလူတွေ သူ့ကို တစ်ခါတွေ့လိုက်သေးတယ်.. သူတို့  ရွှမ်ဖုန်းကိုဖမ်းမိတော့မယ့်အချိန်မှာ မိစ္ဆာတစ်ကောင်က ရုတ်တရက်ကြီးလာကယ်သွားတာ.. အခုတော့ ရွှမ်ဖုန်းဘယ်နေရာရောက်နေလဲဆိုတာ ဘယ်သူမှမသိကြတော့ဘူး…”

ဝူချန်က တခြားလူတွေရဲ့အာရုံက သူ့အပေါ်မရှိတော့တာကို သတိထားမိတာနဲ့ ထိုင်ခုံမှာပြန်ထိုင်လိုက်တယ်။ သူတို့ ဘာတွေဆွေးနွေးနေတယ်ဆိုတာကို သူ,စိတ်မဝင်စားဘူး။ သူတွေးနေတာက စိတ်တိုတိုင်းဓားနဲ့လိုက်ခုတ်တတ်တဲ့ မြေခွေးမိစ္ဆာလေးအကြောင်းပဲ…

‘စိတ်ဝင်စားဖို့ကောင်းတယ်….’

…………………………………
“ဆရာဦးလေးဝူချန်… ဆရာဦးလေးဝူချန်..”

ဂိုဏ်းတပည့်တွေခမျာ တောင်ပေါ်ကို မောပန်းတကြီးပြေးတက်လာခဲ့ကြတယ်။ ဝူချန်က နွယ်ပင်တွေယှက်နွယ်နေတဲ့ ကျောက်ဖြာအထက်မှာလဲလျောင်းနေပြီး ဆူညံသံတွေကြောင့် နိုးထလာရတယ်။ မျက်လုံးကိုအသာဖွင့်ပြီး ဂိုဏ်းတပည့်တွေကို စိုက်ကြည့်လိုက်ကာ..

“ ဘာလို့ ဆူညံနေကြတာလဲ.. ငါကြားရတယ်..”

ဂိုဏ်းတပည့်တွေကြည့်ရသည်မှာ တခုခုကို စိုးရိမ်နေကြသည့်ဟန်…

“ဆရာဦးလေး ဝူချန်.. ဂိုဏ်းချုပ်က ဆရာဦးလေးကို ဂိတ်ပေါက်ဝကို သွားကြည့်ဖို့ ပြောလိုက်တယ်..”

ဝူချန်က တွေဝေစွာဖြင့်.. “ မနက်အစောကြီး အဲ့ကို ဘာအတွက် သွားရမှာ…???”

“မြေ… မြေခွေးမိစ္ဆာတစ်ကောင်က ဆရာဦးလေးကို လာရှာနေတယ်.. ပြီးတော့ သူမက ဆရာဦးလေး ဝူဟန်ကို ဒဏ်ရာရအောင် လုပ်လိုက်တယ်…”

‘မြေခွေးမိစ္ဆာ?’

‘မြေခွေးမိစ္ဆာလေးလား?’ ဝူချန်ရဲ့မျက်ဝန်းတွေက တောက်ပသွားခဲ့တယ်…

ဂိုဏ်းတပည့်တွေလှမ်းကြည့်လိုက်တော့ နွယ်ပင်တွေအောက်မှာရှိတဲ့ကျောက်ဖြာက အနည်းငယ်လှုပ်ခါသွားခဲ့ပြီး လူကိုတော့ မတွေ့ရတော့ဘူး။

ဝူချန်တစ်ယောက် ဂိတ်ပေါက်ဝကိုရောက်သွားတဲ့အချိန် အဲ့နေရာတစ်ခုလုံးက ဂိုဏ်းသားတွေနှင့် ပြည့်နှက်လို့နေချေပြီ။ သူလည်း လူအုပ်ကြီးကြားထဲကနေ တိုးဝှေ့သွားလိုက်တယ်။ အနက်ရောင်ဂါဝန်ကို ဝတ်ဆင်ထားတဲ့မိန်းကလေးက အထက်ဆီးဆန်စွာဖြင့် လူတစ်ယောက်ကို တက်နင်းလို့ထားလေရဲ့။

အဲလူက ဝူချန်နဲ့အမြဲတမ်းပြသနာဖြစ်နေကျ ဂိုဏ်းတူဦးလေးဝူဟန်….

ဝူချန်ရောက်တာနဲ့ ရှီရှန်းကိုလှမ်းကြည့်လိုက်ပြီး ပြောင်ချော်ချော်လေသံမျိုးဖြင့်…
“မြေခွေးမိစ္ဆာလေး ငါ့ကိုရှာနေတာလား?”

“ဒါပေါ့… ငါနင့်ကို ရှာနေတာ…” ရှီရှန်းကလည်း အားပါးတရပြုံးပြီး ပြန်ပြောလိုက်တယ်..ဒါပေမဲ့ အပြုံးက တစ္ဆေတစ်ကောင်လိုပဲ..

ရှီရှန်းက အံကြိတ်လိုက်ပြီး..
“ငါကြားခဲ့တာ.. ငါကနင့်ကို လက်ထပ်ချင်နေတယ်လို့ နင်လျှောက်ပြောနေတယ်ဆို…?”

ဝူချန်က ဝူဟန်ကိုကြည့်နေတဲ့ဂိုဏ်းချုပ်ကို တချက်လှည့်ကြည့်လိုက်တယ်။ ဝူဟန်လည်း စိတ်ထဲမှာတွေးနေမိခဲ့တယ်။ 
‘တခုခုမှားနေတာ မဟုတ်ဘူးလား… မင်းတို့တွေ ငါ့ကို အရင်ကယ်ဦးလေ’

“ငါမပြောခဲ့ပါဘူး…” ဝူချန်က ငြင်းပယ်လိုက်တယ်…

“မိန်းကလေး ယွီရီ, ငါတို့ အေးအေးဆေးဆေး စကားပြောလို့ရမလား… ကျေးဇူးပြုပြီး ညီငယ်ဝူဟန်ကို အရင်လွှတ်ပေးပါလား”

“ငါတို့ ဘာအကြောင်းမှ ပြောစရာမရှိဘူး… ရှင်သူ့ကို ကျွန်မဆီပေးရင် ဒီလူကိုလွှတ်ပေးမယ်..” ရှီရှန်းက ဝူချန်ကို မေးငေါ့ပြလိုက်တယ်…

“ဒါက….”

“ဂိုဏ်းချုပ်.. ညီလေးဝူချန်က သူ့ရဲ့ပြသနာကိုသူရှင်းသင့်တယ်.. ဘာလို့ ကျွန်တော့ကို သူ့ပြသနာထဲ ဆွဲသွင်းရတာလဲ?”
ဝူဟန်ခမျာ ဒေါသထွက်လွန်းလို့ သူ့မျက်လုံးတွေပါ နီရဲလို့လာခဲ့တယ်..

‘ဒီပြသနာကောင်ကြောင့် … ဂိုဏ်းတပည့်တွေအများကြီးရှေ့မှာ ငါအရှက်ကွဲရတာ..’

ဂိုဏ်းချုပ်က ဝူချန်ကို ကသိကအောက်နဲ့လှည့်ကြည့်လိုက်ပြီး ရှီရှန်းကို စိတ်ရှည်ရှည်ထားကာ ညှိနှိုင်းဆွေးနွေးလိုက်ပြန်တယ်။
“မိန်းကလေး ယွဲ့ရီ… ညီလေး ဝူချန်က မိန်းကလေးအပေါ် ဘယ်လိုအမှားမျိုး ကျူးလွန်မိခဲ့တာလဲဆိုတာ သိပါရစေ”

ဒီမြေခွေးမိစ္ဆာက သူအရင်တုန်းကတွေ့ဖူးတဲ့မိစ္ဆာတွေထက် ပိုပြီးညှိနှိုင်းရခက်ခဲလိုက်တာ။ သူမက အကျိုးအကြောင်း မဆီလျော်တဲ့အပြင် စွမ်းအားကလည်း ကောင်းသေးတယ်။ အထူးသဖြင့် သူမရဲ့ဓား…

“သူလား….. ကျွန်မအပေါ်မှာ အမှားတွေအများကြီးလုပ်ဖူးတာပေါ့.. စာတစ်ကြောင်းထဲနဲ့တောင် ရှင်းပြလို့မနိုင်ဘူး…
သူ့ကိုသာ ကျွန်မဆီပေးလိုက်… ဒီလိုမှမဟုတ်ရင်.. ဒီလူကို သတ်ပစ်လိုက်မယ်… ၃ အထိပဲ ရေမှာနော်”

“တစ်…”
“နှစ်…”
“သုံး…”

ရှီရှန်းက သူမရဲ့ဓားဆီ အားနည်းနည်းစိုက်ထုတ်လိုက်ပြီး ဝူဟရဲ့ရင်ဘတ်အတွင်း ထိုးသွင်းလိုက်တယ်။ လူတိုင်းက သူမ,ခြိမ်းခြောက်နေတာလို့ထင်ထားခဲ့တာ.. ဒါပေမဲ့ သူမကတုန့်ဆိုင်းခြင်းမရှိဘဲ ဝူဟန်ကို ဓားနဲ့ထိုးလိုက်တာတွေ့တော့ အကုန်လုံးမျက်နှာရှုံ့မဲ့သွားကြတယ်…

“ဂိုဏ်းချုပ်… ဂိုဏ်းချုပ်..” ဝူဟန်က နာကျင်စွာခံစားနေရတဲ့ကြားက သူ့ပုံရိပ်ကိုဂရုမစိုက်နိုင်တော့ပဲ ဂိုဏ်းချုပ်ကို အော်ဟစ်အကူအညီတောင်းရတော့တယ်..

“ဂိုဏ်းချုပ်… ကျွန်တော်တို့မှာ ဒီလောက်လူတွေအများကြီးရှိနေတာ.. ဘာလို့ ဒီမိစ္ဆာမကိုကြောက်နေရမှာလဲ..? သူမကို သတ်ကြရအောင်”

“ဂိုဏ်းချုပ်… သူပြောတာ မှန်တယ်.. ဒီမိန်းမကို သတ်ကြမယ်”

ဂိုဏ်းချုပ်က သူတို့တွေကို ပြန်မဖြေနိုင်သေးဘူး… သူရဲ့အသံကို မြှင့်လိုက်ပြီး ရှီရှန်းကို ပြောလိုက်တယ်။
“မိန်းကလေး ယွဲ့ရီ… ရပ်လိုက်ပါ..”

“ဂိုဏ်းချုပ်.. စိတ်ဒုက္ခမခံပါနဲ့တော့.. ကျွန်တော် အစ်ကိုဝူဟန်ကိုကယ်ဖို့အတွက် သူမနဲ့လိုက်သွားလိုက်မယ်”
ဝူချန်က ဂိုဏ်းချုပ်ကိုပြုံးပြလိုက်ပြီး ရှီရှန်းဆီကိုလျှောက်သွားလိုက်တယ်..

“မြေခွေးမိစ္ဆာလေး… ငါ့အစ်ကိုကို အခုလွှတ်ပေးလို့ရပြီလား?”

ရှီရှန်းက သူမရဲ့အင်္ကျီလက်အတွင်းမှ ကြွေပုလင်းတစ်ခုကိုထုတ်လိုက်ပြီး ဝူချန်ဆီပစ်ပေးလိုက်တယ်။
“သောက်လိုက်”

“မြေခွေးမိစ္ဆာလေး.. ဒါကဘာလဲ???”
ဝူချန်က ကြွေပုလင်းကို သိချင်စိတ်နဲ့ ကြည့်လိုက်တယ်..

“သောက်သာ သောက်လိုက်စမ်းပါ… အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့”
ရှီရှန်းက ဝူချန်ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်တယ်..

‘တကယ်လို့ ဒီလူသာ အချိန်ကိုက်ပေါ်မလာခဲ့ဘူးဆိုရင်.. ငါဇာတ်လိုက်ကောင်ကို မသတ်နိုင်ရင်တောင် ဒုက္ခိတဖြစ်သွားအောင် လုပ်လိုက်နိုင်မှာ..’

“ညီလေးဝူချန်…”

ဝူချန်က ကြွေပုလင်းကိုယူလိုက်ပြီး ပုလင်းထဲကအမဲရောင်ဆေးလုံးတစ်ခုကိုယူကာ မြိုချလိုက်တယ်။ ဆေးက သူ့ပါးစပ်ထဲရောက်တာနဲ့ ချက်ချင်းအရည်ပျော်သွားခဲ့တယ်။ အေးစက်စက်အထိအတွေ့က ခံတွင်းကနေ လည်ချောင်းတစ်လျှောက် ပျော်ဆင်းသွားတော့တယ်။

တခြားထူးဆန်းတဲ့ခံစားချက်တော့ မရခဲ့ဘူး…

ရှီရှန်းက သူမရဲ့ခြေထောက်ကို ဝူဟန်ဆီကနေရွှေ့လိုက်ပြီး ဓားကိုဆွဲထုတ်လိုက်တယ်။ အဲ့နောက် ဓားပေါ်ကို ဝူချန်နဲ့အတူခုန်တက်လိုက်ပြီး သူတို့ရဲ့မျက်စိရှေ့မှာပဲ လေထဲကိုတိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။

ဝူဟန်လည်း မတ်တပ်ရပ်လိုက်ပြီး သူ့ရင်ဘတ်ကိုဆုပ်ကိုင်ထားလိုက်တယ်။ ရှီရှန်းကသူ့ကို ဓားနဲ့အဆုံးထိမထိုးသွားတာ ကျေးဇူးတင်နေမိတယ်..

“ဂိုဏ်းချုပ်… ညီလေးဝူချန်…”

“သူ့အပြစ်နဲ့သူပဲ… ငါတို့တတ်နိုင်တာ မရှိဘူး…”
ဂိုဏ်းချုပ်ရဲ့မျက်နှာပေါ်က စိတ်ရှုပ်နေတဲ့အသွင်က အေးစက်စက်မျက်နှာသို့ ချက်ချင်းကူးပြောင်းသွားခဲ့တယ်။

လူတိုင်းက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိတယ်။ ဒီဝူချန်က ဝမ်ရှမ်းဂိုဏ်းမှာ ဒီနှစ်တွေအတွင်း ပြသနာတွေ အများကြီး ရှာနေခဲ့တာ။ ဂိုဏ်းချုပ်က သူ့ကိုကန်ထုတ်ချင်နေပေမယ့် အခွင့်အရေးမရခဲ့ဘူး။ အခုတော့ အချိန်ကောင်းပဲပေါ့…

……………………..

ဝူချန်တစ်ယောက် သူ့ရဲ့စွမ်းအားတွေ ထုတ်သုံးလို့မရတာကို သတိထားမိလိုက်တယ်။ စွမ်းအားတွေရှိနေသေးပေမယ့် အသုံးပြုလို့မရဘူး။ ဓားပေါ်မှာ တင်ပလ္လင်ခွေထိုင်ချလိုက်ပြီး အားလပ်ရက်ခရီးထွက်နေသလို အေးချမ်းနေတဲ့ပုံရိပ်လေးကို ငေးကြည့်ကာ…

“မြေခွေးမိစ္ဆာလေး… ငါ့ကို ဘယ်ကိုခေါ်သွားနေတာလဲ.?. ငါတို့ ခိုးပြေးနေတာလား???

ရှီရှန်းက သူ့ကို မုန်းတီးစွာလှည့်ကြည့်နေပေမယ့် ဘာမှပြန်မဖြေခဲ့ဘူး…

အကြံကြီးတဲ့ System က လျှို့ဝှက်မစ်ရှင်နဲ့ပက်သက်တဲ့ အရိပ်အမြွက်တစ်ခုပြောပြခဲ့တယ်။ အဲ့တာက ဝူချန်ပဲ။ တခြားစကားနဲ့ပြောရရင် ဒီအရိပ်အမြွက်က ကြိုတင်ပြင်ဆင်ထားရမယ့်လိုအပ်ချက်တစ်ခုပဲ။ တကယ့် လျှို့ဝှက်မစ်ရှင်ကတော့ မပေါ်လာသေးဘူး…

ရှီရှန်းက သူမရဲ့အကြည့်ကိုတခြားဘက်ပို့လိုက်ပြီး ဝူချန်ရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်တယ်။ ထို့နောက် စွမ်းအားတချို့ကို သူ့ခန္ဓာကိုယ်ထဲ ပို့လွှတ်လိုက်တယ်။

သူ့ကြည့်ရတာ နာကျင်နေသလိုပဲ..

ရုတ်တရက် ဝူချန်ရဲ့ခန္ဓာကိုယ်တစ်လျှောက် တရွရွတက်လာတဲ့ခံစားချက်က ဖြတ်ပြေးသွားတယ်။ ဝူချန်ခမျာ စွမ်းအားထုတ်မသုံးနိုင်တဲ့အခြေအနေမှာ ပြန်မခုခံနိုင်တာကြောင့် နာကျင်မှုကိုသာ သည်းခံနေရတော့တယ်..

……………………………………………………


Translated by Melinoe_Megami

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now