Arc 16.6

3.2K 502 34
                                    

[Unicode]

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[6]

လူတိုင်း ရှီရှန်းဂိမ်းဆော့တာကို ကြည့်နေပြီး ဆွံ့အနေကြတယ်။ငါထင်တာက သူမရုပ်ရှင်ဘုရင်NGခဏခဏဖြစ်နေတာကို မှတ်တမ်းတင်မယ်လို့လေ။ဒါပေမယ့် ဘယ်သူထင်မှာလဲ သူမကဒီတိုင်းဂိမ်းထိုင်ဆော့နေမယ်လို့။ 

ဒါပေမယ့်သူမကအလုပ်ချိန်မှာ ဂိမ်းဆော့နေတာကို ဘာလို့ဒါရိုက်တာကဘာမှမလုပ်တာလဲ?!

"....."

ဒါရိုက်တာကျုံးကအားလုံးကို အနားယူခွင့်ပေးလိုက်ပြီး ချန်ယွမ်ကို ပုဂ္ဂိုလ်ရေးအရ ဖုန်းခေါ်လိုက်တယ်။

သူကတော့ ရှီရှန်းကို အမျိုးသမီးဇာတ်လိုက်နေရာမပေးလို့ ကလဲ့စားချေတာလားလို့ သံသယဖြစ်မိတယ်။ 

ဒါပေမယ့်လည်း သူချန်ယွမ်ဆီက သတင်းရလိုရငြား တီးခေါက်မေးမြန်းကြည့်ပေမယ့်လည်း အချည်းနှီးသာဖြစ်သွားရတယ်။

၎င်းနေရာတဝိုက်လေထုက ထူးဆန်းလို့နေတယ်။ 

ဒါပေမယ့် အဲဒါသူမအမှားမှမဟုတ်တာ။တကယ်ဆို ကျန်းပိုင်ယွီကသာ အမှားတွေခဏခဏလုပ်နေတဲ့သူလေ...။

အခုတော့ လူတိုင်း ဖြစ်ခဲ့တဲ့ကိစ္စတွေရဲ့လက်သည်တရားခံကို ကြည့်လိုက်ကြတယ်။သူဘယ်လိုလုပ်ပြီး လန်ရှန်းနဲ့တစ်ဆင့်တည်းတူနေရတာလဲ? မင်းတာဝန်ကိုတောင် ကောင်းကောင်းမလုပ်နိုင်ဘူးလား? 

တခြားသူတွေက သူ့ကိုလှောင်ပြောင်တဲ့အကြည့်နဲ့ကြည့်ချိန်မှာ ကျန်းပိုင်ယွီကတော့ ဘာမှမလုပ်နိုင်ဘူး။သူ့ရဲ့မျက်နှာအမူအရာက ရှက်ရွံ့မှု,ဒေါသ,အပြစ်ရှိစိတ် တွေကြားမှာ အမျိုးမျိုးပြောင်းလဲလို့နေတယ်။ 

ဝမ်ချောင်က အဝေးမှာမတ်တပ်ရပ်နေပြီး ပိုင်ယွီကိုကျိတ်ရယ်နေတယ်။တချိန်ကသူမနှလုံးသားကို တစစီချေမွပြီးဖျက်ဆီးခဲ့တဲ့ ထိုသူကလူတွေရှေ့မှာ အရှက်ခွဲခံရတာကိုမြင်ရတာ သူမအနေနဲ့ တော်တော်အူမြူးလို့နေတယ်။ 

.....

"အစ်မလန်, အစ်မချန် ဖုန်းခေါ်နေတယ်။"ရှောင်ပေါင်က သူမကိုသူ့ဖုန်းကမ်းပေးလိုက်တယ်။"ကိုင်လိုက်ပါအမ"

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now