Arc 18.13

391 61 0
                                    

Unicode

-------------

ရီအန်းသည် ပူပူနွေးနွေး ဟင်းလျာများကို အကုန်စား လိုက်သည်။

ရှီရှန်း ၏ အခွင့်ထူးကြောင့် အဖွဲ့ရှိ လူတိုင်း အကျိုး ခံစားခဲ့ရသည်။ ရှားရှု ပြန်သယ်လာသည့် သန္ဓေပြောင်းကြောင် သည် သူတို့အတွက် အစားအစာ များစွာ စားရန် လုံလောက်သည်။

ကျင်းဇီ သည်မူလက ယောင်းကွမ် အခြေစိုက်စခန်း သို့ သွားရင် ရှီရှန်း ရှိလိမ့်မည်ဟုသူထင်ခဲ့သည် ။ ဒါပေမယ့် အခု ရှီရှန်း ကိုတွေ့ကတည်းက သူက ယောင်းကွမ်ကို သွားဖို့ အစီအစဉ် ကိုဖျက်ဖို့ဆုံးဖြတ် လိုက်တယ်။

သို့သော်လည်း ရှီရှန်း သည် ဇာတ်လိုက်ကောင် နှင့် ဇာတ်လိုက်မ တို့ ရှိနေတာကြောင့် ယောင်းကွမ် အခြေစိုက်စခန်းသို့သွားချင်သေးသည်။

ကျင်းဇီ သည် ရှီရှန်း ၏ အကြုံပြုချက် ကို သဘောတူခဲ့သည် ။ သူ့မှာ သဘောမတူစရာ အကြောင်းမရှိပါ ။

ကျင်းဇီ ၏ အဖွဲ့က လူ မများဘူး ၊ စုစုပေါင်း လူဆယ်ယောက် သာရှိသည်။ ကျူဖန် မှလွဲပြီး ကပ်ဘေးကြီး စတင်ပြီး နောက်ပိုင်း အခြားသူများနှင့် တွေ့ဆုံခဲ့သည်။

သူတို့ထဲကအချို့က သူတို့ရဲ့ကန ဦး အဖွဲ့က စွန့်ပစ်ခံခဲ့သလို ၊ တစ်ချို့ကတော့ သူတို့ အဖွဲ့နဲ့ ကွဲကွာ သွားခဲ့တယ်။ ဒါပေမယ့် ယေဘုယျအားဖြင့်တော့ သူတို့အားလုံးဟာ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေပါ။

သူတို့က ကျင်းဇီ နောက်ကို လိုက်ဖို့သူတို့ စိတ်ထဲက ဆုံးဖြတ် ထားတယ်၊ ဒါကြောင့် ကျင်းဇီ က ဒီလို ဆုံးဖြတ်တဲ့အခါ သူတို့က ကန့်ကွက်စရာအကြောင်း မရှိဘူး။

" ရှောင်ရှီ ၊ ဒီကလေးကိုဘယ်မှာတွေ့တာလဲ"  

ကျူဖန် သည် ရှီရှန်း ထံသို့လာပြီး

"သူမက အရမ်း ငယ် သေးတယ် ... သူမ ဘယ်လို နေသေးလဲ"

ကောင်ငယ်လေး ကတော့ အရမ်း မငယ်တော့ဘူး ၊ သူက ဆက်လက် ရှင်သန်နိုင်လိမ့်မယ်။ ဒါပေမယ့် ကလေးလေး ... သူမက ခုမှ ခုနစ်လ ရှစ်လသား လောက်ပဲ ရှိပုံရတယ်။

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now