Arc 16.42

1.6K 170 6
                                    

[Unicode]

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[42]

ဝမ်ချောင်ကလူမှုအသိုင်းအဝိုင်းမှာဖိနှိပ်ခံထားသူတစ်ယောက် လုံးဝမဟုတ်တော့ဘူး။ သူမကိုလူတွေသတိမပြုမိတာမျိုးမရှိတော့ဘူး။ 

ဗီဒီယိုထွက်လာတာနဲ့တပြိုင်နက် လူထုကအုတ်အော်သောင်းတင်းဖြစ်ကုန်ကြတယ်။ 

ဝမ်ချောင်နဲ့စုမုယွမ်ရဲ့အိပ်ရာထဲကပုံတွေအပြင် ဗီဒီယိုပါထွက်လာတော့ ဝမ်ချောင်စူးစူးဝါးဝါးထအော်လိုက်တယ်။ 

ဗီဒီယိုထဲမှာတော့ဝမ်ချောင်က ဖိအားပေးခံနေရပုံမပေါ်တဲ့အပြင် စိတ်ပါနေပုံတောင်ပေါက်တယ်။ 

"သူမကဒီဗီဒီယိုကိုရိုက်ကူးပြီး အွန်လိုင်းပေါ်တင်ထားတဲ့အတွက် ဝေဖန်ခံနေရတယ်"

ဗီဒီယိုကexplicit content ပါရှိနေတဲ့အတွက်ကြောင့် မကြာခင်မှာပဲwebsiteတော်တော်များများကနေ ဖြုတ်ချခံလိုက်ရတယ်။ ဒါပေမဲ့ ဖျက်ချလိုက်တာ ဘယ်လိုပဲမြန်နေပါစေ netizensအဖွဲ့ကြီးရဲ့ ပုံသိမ်းထားဖို့အတွက် ssရိုက်တဲ့နှုန်းကိုမှီမတဲ့လား။

[T/N: Explicit content က ဖော်ပြဖို့မသင့်တော်တဲ့အကြောင်းအရာတွေပေါ့ Fbမှာဇူဇူဖြုတ်ချသလိုမျိုးလေ]

ဒီဗီဒီယိုကသိုသိုသိပ်သိပ်နဲ့ ကျယ်ပြန့်စွာပျံ့နှံ့သွားတယ်။ 

Local love action ရုပ်ရှင်တွေနဲ့ယှဉ်ရင် ဝမ်ချောင်ရဲ့ဒီဗီဒီယိုကပိုပြီး လူထုရဲ့အာရုံကိုကျိန်းသေဆွဲဆောင်နိုင်ခဲ့တယ်။ 

အဆုံးမှာ ဒါကလှပတဲ့မျက်နှာပါပဲ။

သုံးရက်ကြာပြီးနောက် သတိလစ်နေတဲ့ဝမ်ချောင်ကိုတွေ့ရှိခဲ့ကြတယ်။ သူမကိုဆေးကုဖို့နဲ့ဆေးသုံးထားခြင်းရှိမရှိ စစ်ဆေးဖို့အတွက်ဆေးရုံကိုပို့ပေးလိုက်တယ်။ 

စုမုယွမ်ကဝမ်ချောင်ကိုဆေးရုံမှာ အကြိမ်အနည်းငယ်လောက်သွားတွေ့ခဲ့တယ်။ ဝမ်ချောင်ရဲ့ပုံစံကဖြူရော်နေပြီး သီးသန့်အခန်းတစ်ခန်းမှာ တစ်ယောက်တည်းနေရတယ်။ 

စုမုယွမ်ကဗီဒီယိုကိုကြည့်ပြီးတဲ့အလျောက် မနှစ်မြို့မှုကိုခံစားနေရတဲ့အပြင် ဝမ်ချောင်ရဲ့စိတ်နေစိတ်ထားကလည်းအကောင်းကြီးမဟုတ်ဘူး။ စုမုယွမ်ကနှစ်ခါသုံးခါလောက်ဆေးရုံကိုလာပေးပြီးနောက် ဆက်မလာတော့ဘဲ သူ့ရဲ့အတွင်းရေးမှူးကိုပဲ ဝမ်ချောင်ကိုဆေးရုံမှာသွားတွေ့ဖို့ တစ်ချိန်ပြီးတစ်ချိန်ညွှန်ကြားနေတယ်။ 

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now