Arc 20.7

606 79 6
                                    

Unicode


20.7

အေးစက်ပြတ်သားသော နဲ့ ရှာဖွေနေသောကောင်မလေး တို့နဲ့ လမ်းခွဲပြီးတဲ့နောက်မှာတော့ လီဂျင်းရှီရှန်းရဲ့အရှေ့ကိုခုန်ဝင်လိုက်ပြီး ပြုံးပြလာ၏။

"ရှင်လိုချင်တာတစ်ခုခုများမရှိဘူးလား?,ကျွန်မမှာ ရှိရင်ရှာပေးမယ်လေ"

ကြည့်ရတာတော့ တစ်စုံတစ်ယောက်က ငါပြောခဲ့တဲ့စကားလုံးတွေကို ချက်ချင်း
မေ့သွားခဲ့ပုံပဲ။

ရှီရှန်းရဲ့ စံသတ်မှတ်ချက်တွေအရဆိုရင်တော့ အဲ့လိုလူတစ်ယောက်ဟာငတုံးပေမယ့်

ဘာပဲ ဖြစ်ဖြစ် ဒီကောင်မလေးကတော့ ချစ်ဖို့ကောင်းတဲ့ငတုံးလေးပါပဲလေ။

"နင့်မှာဘာရှိလို့လဲ?"
ရှီရှန်းလှောင်လိုက်ပြီး မေးသည်။

"ကောင်းပြီလေ..." လီဂျင်းသူမ၏ သိုလှောင်ခန်းကိုဖွင့်လိုက်ပြီး itemsတစ်ပုံကြီးကြားထဲမှာ မွှေနှောက်လျှောက်ရှာ နေတော့လေ၏။

အထဲမှာတကယ်ကိုရှုပ်ရှက်ခတ်နေတာပဲ။

'သူမအဲ့ထဲကိုဘယ်လိုတောင်ထည့်ထားတာလဲဟ??!!!' ရှီရှန်းတွေးလိုက်သည်။

"ကဲ ရှင်လိုချင်တာဘာရှိလဲ" လီဂျင်းထပ်မေးလိုက်ပြန်သည်။

ရှီရှန်း တိတ်ဆိတ်နေချေသည်။ တကယ်တော့ သူမမှာ လိုအပ်နေတဲ့အရာမှမရှိတာ။

"ငါနင့်ဆီကတစ်ခုခု ခိုးလိုက်မှာ မကြောက်ဘူးလား??" ရှီရှန်းဟာ ခပ်ညစ်ညစ်အပြုံးတစ်ခုကိုထုတ်ပြလာ၏။ အမျိုးသားဇာတ်လိုက်နင့်ကို လူစိမ်းတွေနဲ့တွေ့ရင်ဘယ်လိုနေရမလဲဆိုတာ မသင်ပေးလိုက်ဘူးလားဟမ်?

အကယ်၍ ရှီရှန်းကိုလာရှုပ်ရင်တော့ သူမဟာ ဖန်းစီကို တိတ်ဆိတ်သွားလောက်အောင်ထိ ပညာပြလိုက်မှာ ဖြစ်သည်။

လီဂျင်း မျက်လုံးမှိတ်တုတ်မှိတ်တုတ်လေးဖြင့် "ရှင်ကဒီလောက်တောင် အင်အားရှိတာ,
ဘာလို့ကျွန်မကို လာခိုးရမှာလဲ?"

"နင့်ကို အမြတ်ထုတ်ရတာလွယ်တော့ ထုတ်ချင်လည်းထုတ်နိုင်တာပဲ"
"နင့်ကို အခွင့်အရေးယူရတာလွယ်လို့လေ"

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now