6

1.5K 227 0
                                    

Uni
======
ကျုပ်က ဆရာကြီး
အခန်း ၆
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(အင်မော်တယ်လောကကြီးက အရမ်း သဘောကောင်းတာပဲ )

မူရင်းဝတ္ထုအမည် - I am actually a cultivation Bigshot

ဟင်

လီနင်းဖန် ကျားသစ်ဘေးရှိ ရွှေရောင်ပုလဲလုံးလေးထံ လျှောက်လှမ်းသွားလိုက်သည်။ ထို ရွှေရောင်ပုလဲလုံးမှာ မကြီးမားသော်လည်း ၄င်းအား လက်ထဲ ကိုင်ကြည့်သော် လေးလေးပင်ပင် ရှိလှသည်။

ဒါ ဘာများလဲ

အဲ့ဒါက ကျားသစ်မကောင်းဆိုးဝါးရဲ့ မိစ္ဆာအမြူတေပဲ ပိုင်လျိုရှောင်း ပြန်ဖြေသည်။

အိုး ငါသိပြီဒါဆို ဒါက မိစ္ဆာအမြူတေပေါ့ ထို အမြူတေအား ကြည့်ပြီးနောက်တွင် ပိုင်လျိုရှောင်းထံသို့ လက်ကမ်းလိုက်သည်။  မင်းတို့က မကောင်းဆိုးဝါးကို အနိုင်ယူခဲ့တာပဲမင်းတို့ ယူထားလိုက်ပါ

သို့သော်လည်း ပိုင်လျိုရှောင်း၏ မျက်နှာ တစ်ပြင်လုံး ရုတ်ချင်း ဖြူဖျော့သွားခဲ့ကာ အနောက်သို့ပင် ခြေတစ်လှမ်းဆုတ်မိလိုက်သည်။
သခင်လေး လီ လိုချင်ရင် ဒါကို သိမ်းထားလိုက်ပါ သူမ ကြောက်လန့်တကြား အော်မိမတတ်ပင်ဒီ ဆရာကြီးက သူမအား စမ်းသပ်နေသည်မှာ သေချာသည်။ သူမသာ ၄င်း အမြူတေအား သိမ်းထားလိုက်ပါက မည်သို့ သေသွားရမှန်း သိနိုင်မည်ပင် မဟုတ်ချေ။

သခင်လေးလီ..ဒီမကောင်းဆိုးဝါးကို အနိုင်ယူနိုင်တာက ကံအရမ်းကောင်းလို့ပါ ကျွန်တော်တို့ ဒီအမြူတေ ကို မသိမ်းထားပါဘူး လိုဟို က ထည့်ပေါင်းပြောလာသည်တွင် ချင်ကျူသည်လည်း ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။

လီနင်းဖန် သူတို့အား အထူးအဆနျးကွညျ့လိျုကျ၏။ ထို ကျင့်ကြံသူများအား သူ အထင်ကြီးသွားမိသည်။

ဘာကြောင့် ကျင့်ကြံသူတွေက ဒီလောက် သဘောကောင်းရတာလဲသူ တွေးမိလိုက်၏။

သူ ပထမဆုံး တွေ့ခဲ့သည့် ကျင့်ကြံသူ လျိုရှီယူသည်လည်း အလွန်သဘောကောင်းလှသည်။ ယခု ထိုသုံးယောက်သည်လည်း ထို့နည်းလည်းကောင်းပင်သူတို့က သူ့အား မိစ္ဆာအမြူတေကိုပင် ပေးနေသေးသည်။ မည်မျှ ရှားပါးလိုက်သည်နည်း။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now