130+131

1.1K 169 10
                                    

#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၁၃၀
(မလှုပ်မယှက် ဖြစ်သွားစေမယ့် မြင်ကွင်း)

လီနင်းဖန် ဒေါသ မထွက်သွားသောကြောင့် အားလုံးမှာ စိတ်သက်သာရာရကာ သက်ပြင်း ချလိုက်ကြ၏။ ငရဲမှ လွတ်မြောက်လာသကဲ့သို့ သူတို့ ခံစားလိုက်ရသည်။

သူ ကဲ့သို့သော ဆရာကြီးသာ ဒေါသ အမျက်ထွက်မည်ဆိုလျှင် သူ၏ အတွေးတစ်ချက်ဖြင့်ပင် မိုးများရွာကာ မိုးကြိုးများ ပစ်သွားပေလိမ့်မည်။ ကမ္ဘာတစ်ခုလုံးတွင် အသက်ရှင်ကျန်ရစ်သည့် လူ ရှိတော့ မည် မဟုတ်နိုင်ချေ။

ဂူကျိယောင် သူမ၏ မောင် အား ကြည့်လိုက်ကာ သူမ၏ နောက်ကျောတွင် ချွေးစေးများ စိုရွှဲသွားလေသည်။ သူမ အလွန်ထိတ်လန့်နေမှု ကြောင့် နေရာ၌ သေပင် သေသွားနိုင်သည်။

ဂူကျိရုလည်း ကိုးရိုးကားယား ထရယ်လိုက်ကာ ပြန်ထိုင်ချလိုက်ပြီး ကြောက်ရွံ့နေသော အသံဖြင့် ပြောလိုက်သည်။
ရှက်ဖို့ကောင်းလိုက်တာဗျာ.... ရှက်စရာကြီး

ထိုစဉ် အိုးထဲရှိ လက်ဖက်ကြက်ဥ များမှာ အပြင်းအထန် တုန်ခါလာသည်။ အိုးထဲမှ အငွေ့များ ထွက်လာခြင်းနှင့် အတူ ရနံ့မှာလည်း အမွှေးပျံ့ဆုံး အနေအထားသို့ ရောက်ရှိလာ၏။

လီနင်းဖန် ပြုံးလိုက်သည်။
ရပြီ.... ကြက်ဥလက်ဖက်တွေ စားလို့ရပြီ

ထိုသို့ ပြောလိုက်ခြင်းကြောင့် အားလုံး ပျော်ရွှင်သွားကြကာ သူတို့၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်သွားသည်။ ဤသို့သော ရနံ့မျိုးနှင့် ဆိုလျှင် ကြက်ဥလက်ဖက်များမှာ သက်သက်လွတ်ဆန်ပြုတ် ထက် ပို၍ အရသာ ရှိပေလိမ့်မည်။ ဆရာကြီး၏ လက်ဖက်ကြက်ဥ အား စားရရန် အင်မော်တယ်များတွင်ပင် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူတို့ အားလုံးမှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။

တကျီ ပန်းကန်ပြားလေးတစ်ချပ်အား ယူလိုက်ကာ လက်ဖက်ကြက်ဥ များအား ထည့်လိုက်သည်။.

သူမ၏ ရှေ့တွင် ရှိနေသော ကြက်ဥလက်ဖက်များအား ချင်မင်ယွင် ကြည့်လိုက်သည်။ ဉာဏ်အလင်းများပါသော လက်ဖက်ရွက်များအား ဖြုန်းတီးပစ်လိုက်ခြင်းကြောင့် သူမ နာကျင်ခဲ့ရသော်လည်း နောက်ဆုံးတွင် လက်ဖက်ကြက်ဥများထဲ၌ အင်မော်တယ် လက်ဖက်ရွက်များ၏ အရသာများ ထိုးထွင်း ဝင်ရောက်နေပြီဖြစ်သည်။ မည်မျှ ဖြုန်းတီးလိုက်သည်ဖြစ်စေ သူမ စားကြည့်ချင်သေးသည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now