341+342+343+344+345

717 81 6
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၃၄၁
(မိစ္ဆာများ၏ အားကောင်းသော အသက်ရှင်သန်နိုင်စွမ်းရည်)

အာချင်ပြောလာသည်။
ကောင်းပါပြီကွာ...သွေးတွေကို ညစ်ညစ်ပတ်ပတ်နဲ့ အကျယ်ကြီး ထွေးထုတ်မနေပါနဲ့...ဒီနေရာက သွေးကွက်တွေကို မြန်မြန်ရှင်းလိုက်ကြစမ်း...ဆရာကြီးရဲ့ မျက်လုံးထဲမှာ ညစ်ပတ်မနေစေနဲ့...

မင်းက အတုအယောင်ကောင်ပဲ အာချင်...
အာယွင်မှာ သွေးဆူနေပြီး နာကျင်နေလေ၏။
ဒါမှမဟုတ် မင်းလည်း တောင်ဘက်ပိုင်းပင်လယ်က နဂါးဘုရင်လိုပဲ နဂါးမျိုးနွယ်ကို သစ္စာဖောက်တာပဲ...ငါ့ရဲ့ မိသားစုက.... သေကုန်ကြပြီကွ....

ကျုပ်နားလည်ပါတယ်...
အာချင် စိတ်မရှည်စွာ ဆက်ပြောသည်။
အခုတော့ ခင်ဗျားကို ရှင်းပြဖို့ ကျုပ်မှာ အချိန်မရှိသေးဘူး...ဆရာကြီးက မကြာခင်ရောက်လာတော့မှာ အချိန်မရှိတော့ဘူး...

သူ အချိန်ဖြုန်းမနေတော့ကာ ဆက်တိုက်အမိန့်ပေးနေပြီး စီစဉ်နေရသည်။

ထိုစဉ် သူ ရုတ်တရက် တစ်စုံတစ်ခုအား တွေးမိသွားကာ အလျင်အမြန်ပင် နဂါးနန်းတော်၏ ဂိတ်တံခါးသို့ ပြေးထွက်သွားသည်။ ဘုတ်ပြားပေါ်တွင် [အရှေ့ပိုင်းပင်လယ် နဂါးနန်းတော်]ဟု ထွင်းထုထားသည်။

ချက်ချင်းပင် သူ အကြံရသွားသည်။

ဆရာကြီးမှာ သူ့အား ငါးကြင်းမိစ္ဆာတစ်ကောင်အဖြစ် သရုပ်ဆောင်စေခြင်း ဖြစ်သောကြောင့် ဘုတ်ပြားမှာ ပြောင်းလဲ ရပေမည်။

တစ်ယောက်လောက် အမြန်လာစမ်း....

အာချင် အလွန်စိတ်ပူနေကာ သူ၏ တပည့်တစ်ဦးအား လာခိုင်းလိုက်သည်။
ဒီဘုတ်ပြားကို အမြန်ဖြုတ်ချလိုက်...အရှေ့ပိုင်းပင်လယ်ငါးကြင်းနန်းတော်လို့ အမြန်ပြောင်းလိုက်တော့...

အာယွင်သည် အရာအားလုံးအား ဘေးတွင် ကြည့်နေပြီး ရုတ်ချည်း နားလည်သွားသည်။
ရူးသွားပြီ...မင်း သောက်ကျိုးနည်းအောင်ကို ရူးသွားပြီ...

အာချင် မှာ အခြားစီစဉ်မှုများအား ဆက်လက် လုပ်ဆောင်နေသည်။
ကောင်းပြီ ဒီပုစွန်ထုပ်တွေနဲ့ ဂဏန်းတွေကို ဖယ်ထုတ်လိုက်တော့...မြန်မြန် ငါးကြင်းမိစ္ဆာတွေကို ခေါ်လာခဲ့...ငါးကြင်းတွေ အများကြီးကို ဒီကိုလာခိုင်းလိုက်...ပင်လယ်စာ...ပင်လယ်စာတွေ ပိုပြီး ပြင်ဆင်ထားကြ..

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now