48

1.3K 186 1
                                    

Uni
=======
#ကျုပ်ကဆရာကြီး
ဘာသာပြန်သူ - တင်အောင်ခိုင်
အခန်း ၄၈
( သူ ငါ့ကို အရိပ်အမြွတ် ပြနေပြီလား)

ပန်းသီးရည်များ အချို့မှာ နှုတ်ခမ်းထောင့်စွန်းကပင် စီးကျလာခဲ့သည်။ တကြွပ်ကြွပ် မြည်နေသည့် အသံတို့မှာ အနားရှိ လူများအား ဗိုက်ဆာသွားစေမည်မှာ သေချာသည်။

ဒါ ဘာပန်းသီးလဲအရမ်း အရသာ ရှိတာပဲ ခြောက်မြှီးမြေခွေးမလေး ၏ နားရွက်များ ထောင်သွားသည်။ သူမ ထံတွင် သုံးသပ်နေရန် အချိန်မရှိတော့သည့်အလား အငမ်းမရ ဆက်စားနေလေသည်။

ပန်းသီးထဲတွင် များစွာသော သစ်သီးရည်တို့ ပါဝင်သည်။ တစ်ကိုက် ကိုက်ရုံ နှင့်ပင် ကြီးစွာသော စိတ်ကျေနပ်မှု အား ပေးစွမ်းသည်။ ချိုမြိန်လွန်းသော အရသာက ဗလာဟင်းလင်း ဖြစ်နေသော ပါးစပ်တစ်ခုလုံးအား ရုတ်ချင်း ပြည့်နှက်နေစေသည်။ အထူးသဖြင့် ပန်းသီးရည်များ ဖြစ်သည်။ ၄င်းတို့က ချိုမြိန်လတ်ဆတ်လွန်းရုံသာမက တစ်ကြိမ်မှ မခံစားဖူးခဲ့သည့် စိတ်ကျေနပ်မှုအား ပေးနေလေသည်။

ကောင်းလိုက်တာ

ပန်းသီးတစ်လုံးက ထိုမျှ အရသာ ရှိလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ၄င်းက သာမန်ပန်းသီး မဟုတ်နိုင်ပေ။ သေချာပေါက် အင်မော်တယ်သစ်သီး တစ်လုံး ဖြစ်ရပေမည်။

ငါ ခန့်မှန်းမိခဲ့သင့်တယ်ဘာလို့ အစ်မက သာမန်ပန်းသီး တစ်လုံးကို တကူးတက လာကျွေးနေမှာလဲ

မှ..မှမှ

အချိန်အနည်းငယ်အတွင်းမှာပင် ခြောက်မြှီးမြေခွေးလေးမှာ ပန်းသီး တစ်လုံးလုံး အား စားပြီးခဲ့ချေပြီ ။ ပန်းသီး၏ အူတိုင်ကိုပင် မချန်ထားခဲ့ချေ။

အလွန်အမင်း ကျေနပ်သွားခဲ့သည့်ဟန်ဖြင့် နှုတ်ခမ်းလေးများအား လျှာဖြင့် သပ်လိုက်လေသည်။
အရမ်းအရသာ ရှိတာပဲ စားဖူးသမျှ အသီးတွေထဲမှာ အရသာ အရှိဆုံးပဲ

တ့ကျီ သူမအား သတိပေးလာသည်။
ဒါတင်ပဲ မဟုတ်သေးဘူးနော်

ခြောက်မြှီးမြေခွေးလေး အနည်းငယ် တုန်ရင်သွားသည်။ မှော်ဆေးရည် သောက်လိုက်ရသည့်အလား ရုတ်ချင်း သူမ ဝမ်းဗိုက်အတွင်းမှ ပူလောင်ပြင်းပြသည့် ခံစားချက်မျိုး ရလာသည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now