63

1.1K 173 1
                                    

Uni
=======
#ကျုပ်ကဆရာကြီး
ဘာသာပြန်သူ - တင်အောင်ခိုင်
အခန်း ၆၃
(အတိတ်မှဖြစ်ရပ်များ)

လျောင်မန်ကျိ သူ၏မျက်နှာကိုပင် ဖြတ်ရိုက်ချင်မိလိုက်သည်။
သူ လီနင်းဖန်အား မည်သူဟု တွေးထားသနည်း။ ထိုဆရာကြီးက နတ်ဘုရားအလားပင်။
ဟုတ်ပေသည်...။ နှစ်တစ်ထောင်ရေခဲနက် အနေဖြင့် ဆရာကြီး၏ စကားအား နားထောင်ရပေလိမ့်မည် ဖြစ်သည်။

လျောင်မန်ကျိ အိမ်၌ သ ူသခင်တစ်ပါး အလား နေထိုင်သော်လည်း လီနင်းဖန်၏ အရှေ့တွင်တော့ ရိုကျိုးနှိမ့်ချရမည်ဖြစ်သည်။ လီနင်းဖန်အတွက် အလုပ်လုပ်ပေးရ ခြင်း မှာ ကြီးမားဆုံးသော ကောင်းချီးတစ်ခုပင်ဖြစ်သည်၊ မည်သည့်အတွက်ကြောင့် ၎င်းမှ ဆယ်နှစ်မှ တစ်ကြိမ်ထုတ်ပေးရမည်နည်း။
ထိုအရာက အရူးမှ မဟုတ်ပေပဲ....။

ချင်မင်ယွင်လည်း တုန်လှုပ်ကာ မည်သည့်အရာ ဆက်လုပ်ရမည်မှန်း မသိတော့ချေ။ သူမဘေးတွင်သာ နေပြီး အရာအားလုံးကို မသိချင်ယောင်ဆောင်နေသည်။

လီနင်းဖန် ပြုံးလိုက်သည်။
"ကျေးဇူးပါပဲ... ဒါပေမယ့် ကျုပ်ခင်ဗျားရဲ့ လက်ဆောင်ကို အလကားမယူပါဘူး ....ပြောပါ ...ခင်ဗျားဘာလိုချင်လဲ..."

ချင်မင်ယွင်မှာ လျိုရှီယူ၏ မိတ်ဆွေဖြစ်သည်။ ထို့ကြောင့်မို့ ထိုအဖိုးကြီးသည်လည်း တော်၀င်ဧကရာဇ်နှင့် ပိုင်ဝူချန်းတို့အား အထိုက်လျောက် သိရပေမည်။ သူလိုချင်သည့် အေးချမ်းမှုကို လိုချင်ရုံသာမက ထိုကဲ့သို့ အားကောင်းသော ကျင့်ကြံသူများနှင့်လည်း မိတ်ဆွေဖြစ်လိုသေးသည်။ ဤနေရာသို့ တကူးတကရောက်လာသည့် အတွက်ကြောင့်မို့ သူလိုချင်သည့်အရာ ရှိကိုရှိရပေမည်။

လူသားများမှာ ပုရိသများဖြစ်ကြခြင်းကြောင့်  ပန်းချီရေးဆွဲ ခြင်း  ၊ စာရေးသား ခြင်း  ၊ လက်ဖက်ရည်ဖျော်စပ် ခြင်း နှင့် စစ်တုရင် ပညာတို့အား သိလိုပေလိမ့်မည်။ လီနင်းဖန်က ကျင့်ကြံ  ခြင်း  အကြောင်း ဘာမှမသိသော်လည်းပဲ သူက လူသားယဉ်ကျေးမှုအကြောင်း သိထားခဲ့ပြီဖြစ်သည်။
ဒါ့အပြင် စနစ်မှငါးနှစ်တိုင်တိုင် လေ့ကျင့်ပေး ခြင်း ခံထားရ၏။ ထိုကဲ့သို့သော ခင်တက်လွန်းလှသည့် ကျင့်ကြံသူများနှင့် တွေံရသောကြောင့် လီနင်းဖန်သည်လည်း သူတို့က အနုပညာအိုးများ ဖြစ်ကြောင်း သိလာရကာ အင်မော်တယ် ကမ္ဘာတွင် ပို၍ စိတ်လုံခြုံလာခဲ့သည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now