62

1.2K 202 10
                                    

Uni
=======
#ကျုပ်ကဆရာကြီး
ဘာသာပြန်သူ - တင်အောင်ခိုင်
အပိုင်း (၆၂)
(ဖားလျားတက်တဲ့ခွေးလေးတစ်ကောင်)

လီနင်းဖန်က လျောင်မန်ကျိနှင့် ချင်မင်ယွင်အား ဦးဆောင်၍ သူ၏ အိမ်ဆီသို့ ခေါ်သွားခဲ့လေသည်။

တံခါးရှေ့သို့ရောက်သည်တွင် လျောင်မန်ကျိက စာနှစ်ကြောင်း လက်ရေးလှ ပန်းချီကို တွေ့လိုက်သည်နှင့်
သူ၏အာရုံများအားလုံး ဖမ်းစားခံလိုက်ရသည်။ သူ၏ ပါးစပ်များမှာ ယင်ကောင်တစ်ကောင် ဝင်ဥနိုင်သည်အထိ အဟောင်းသားဖြစ်သွားပြီး လီနင်းဖန်နှင့်ပက်သက်၍ အချိန်နှင့်မျှ အံ့သြနေရသည်။

ဒီအဖိုးကြီးက တော်တော်လေးစိတ်လှုပ်ရှားတက်တာပဲ....သူကအနုပညာလက်ရာကို တော်တော်လေး မြတ်နိုးသူ ဖြစ်ရမယ်....

ထိုစဉ် ရှောင်ပိုင်မှာ တံခါးအား ဖွင့်ပေးလာခဲ့သည်။

သခင်...အိမ်က ကြိုဆိုပါတယ်....
လျောင်မန်ကျိ လန့်ဖြန့်သွားပြီး ထခုန်မတက်ဖြစ်သွားသည်။ သို့သော် ရှက်ကိုးရှက်ကန်းဖြင့် သူ၏မုတ်ဆိတ်အား သ လိုက်ပြီး...

"သခင်လေးလီ... ဒီအကြောင်းကို မင်ယွင်ဆီက ကြားထားတယ်.....ဒီစိတ်ဝိဉာဏ်ရုပ်သေးက ရှောင်ပိုင်လို့ ခေါ်တယ်လား......"

လာပြန်ပြီ ခင်ဗျားတို့ စိတ်ရှိသလိုသာ ခေါ်ကြပေတော့.....လီနင်းဖန် ရှင်းပြရန် စိတ်မဝင်စား တော့ချေ။

သူခေါင်းငြိမ့်လိုက်ပြီး
"အင်း သူက တံခါးဖွင့်ပေးတက်တာတို့ အိမ်မှုကိစ္စတွေလို အရာမျိုး လုပ်ပေးနိုင်တယ်။"

အိမ်မှုကိစ္စလုပ်ပေးတယ်လား.....
လျောင်မန်ကျိ မျက်လုံး ပေကလပ်ပေကလပ် ဖြစ်သွားသည်။
ဆရာကြီး ခင်ဗျားသာ ဒါ ကျုပ်ကို ပေးရင် အိမ်မှာ ကျုပ်ရဲ့အဖွားလို ကိုးကွယ်မိမှာအမှန်ပဲ.....

လီနင်းဖန် အိမ်ထဲသို့ဝင်လိုက်ပြီး ပြုံးလိုက်သည်။

"ကျေးဇူးပြုပြီးဝင်ကြပါဦး"
လျောင်မန်ကျိ လေအေးတစ်ရှိုက်ရှူသွင်းလိုက်ပြီး အထဲသို့ဝင်ရန် ပြင်ဆင်လိုက်သည်။ သူ အထဲသို့ ဝင်လိုက်သည်နှင့် သူ၏မျက်လုံးတို့ ပြူးကျယ်ကာ အသက်ရှုသံတို့မြန်ဆန်သွားရ၏။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now