86

1.2K 177 2
                                    

Uni
=======

#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း (၈၆)
(တွေးစ မသိမြင်နိုင်သော ဖြစ်တည်မှု)

သူတို့ကြွေလွင့်မြို့တော်၏ ဝင်ပေါက်သို့ ရောက်သောအခါ၌ အမျိုးသမီးတစ်ဦး သည် စိုးရိမ်တကြား
ပြေးလွှားနေခဲ့သည်။ သူမမှာ အသက်ကြီးပုံရသော်လည်း ရွှေအမြူအတေအဆင့် ကျင့်ကြံသူတစ်ဦး ပင်ဖြစ်သည်။  ကံကောင်းသည်မှာ နတ်ဆိုးလူ မှ သူမအား မသတ်ခဲ့ခြင်းပေ။

ထိုစဉ် နန်နန်း နှင့်အတူ ပြန်လာသည့် တော်ဝင်ဧကရာဇ်အား သူမတွေ့လိုက်ရသည်။
ရုတ်ချင်း သူမ အရှေ့သို့တိုးသွား၍ ရိုကျိုးသည့် ဟန်ဖြင့် ပြောလာခဲ့သည်။

"နှုတ်ဆက်ပါတယ် တော်ဝင်ဧကရာဇ်"

"အင်း နှုတ်ဆက်ပါတယ်..."

တော်ဝင်ဧကရာဇ်မှာ သူမအား ကူညီကာ ထရပ်စေလိုက်သည်။ သူက သူ့ကိုယ်သူ တော်ဝင်ဧကရာဇ်တစ်ယောက်အဖြစ် မနေလိုပေ။ ထိုကဲ့သို့ ကြီးမြတ်လှသည့် တပည့်တစ်ဦးအား လက်ခံနိုင်ခဲ့သည့် သူမအား အဆင့်တူအဖြစ် ပိုမို ရင်းနှီးချင်လိုသည်။

ထိုအဖွားကြီးအား သူ စိတ်ရှုပ်ထွေးစွာကြည့်လိုက်ကာ မျက်လုံးထဲ လေးစားမှုများပေါ်လာသည်။

ဒီအဖွားကြီးက ဆရာကြီးကျေနပ်လောက်အောင် လုပ်နိုင်ခဲ့တဲ့အတွက် တော်တော်လေး ကံကောင်းတာပဲ....

သူမ ဒီလိုမျိုး ကြီးမားတဲ့ အခွင့်အရေးကို ရယူနိုင်သွားတယ်...

ဖြစ်နိုင်တာက သူ လီနင်းဖန်ရဲ့  ဖြစ်တည်မှုကို လုံးဝ မသိထားတာများလား....

လီနင်းဖန်၏ စကားလုံးများပါဝင်သော စာရွက်မှာ တကယ်ကို အဖိုးမဖြတ်နိုင်ပေ။ ၎င်းက ကွမ်းလောင်အင်မော်တယ် မင်းဆက် တစ်ခုလုံးအတွက် အဖိုးတန်ဆုံးသော ရတနာ တစ်ခု ဖြစ်ကောင်း ဖြစ်လာနိုင်၏။

ထိုစာရွက်အတွင်း၌ အင်မော်တယ်တစ်ပါးအား ဆင့်ခေါ်နိုင်လောက်အောင် ဉာဏ်အလင်းများ ပါဝင်နေခဲ့သည်။
စိတ်အသိနှင့် ထာဝရအသက်ရှင်ခြင်းပင်လျှင် ပါဝင်နေသေး၏။ ထိုသတင်းသာ ပြန့်နှံ့သွားမည်ဆိုပါက လူတိုင်း ရူးသွပ်သွားနိုင်လောက်သည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now