160+161+162+163

1.1K 163 3
                                    

#ကျုပ်ကဆရာကြီး
(ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်)
အပိုင်း ၁၆၀
(ဒီတိုင်း ဆွဲလိုက်တာပါ)

လီနင်းဖန်သည် လက်ဖက်ရည် ခွက်ကို ချကာ တွေးတွေးတောတော ဖြင့် ပြောလာသည်။ " ကျုပ်တို့
ခရီးထွက်လာတာ လည်း ကြာပြီ.."

တော်ဝင်ဧကရာဇ်သည် လီနင်းဖန် ဆိုလိုသည်ကို သတိပြုမိကာ အမြန်ဝင်ပြောသည်။
" သခင်လေးလီ.. ကျုပ်တို့ ကိစ္စတွေ အခြေကျပြီးပါပြီ.. ဘယ်အချိန်မဆို ပြန်လို့
ရပါပြီ..."

" အိုး " လီနင်းဖန်သည် မျက်ခုံးကို မြှင့်ကာ " ကျုပ်တို့ ဒီနေ့ပြန်ရင် အဆင်ပြေမလား  "

ကျိုးတချန်သည် လည်း ခေါင်းငြိမ့်ကာ " ဟုတ်ကဲ့.. ရတာပေါ့..  သခင်လေးလီ.."

" သခင်လေးလီ.. ရက် နဲနဲလောက် ထပ်နေပါဦး.. ကျုပ် အကောင်းဆုံး ဧည့်ခံနိုင်အောင်
ကြိုးစားပါ့မယ်.." ထိုစဉ် ဂူချင်းချန် က တောင်းဆိုသည်။

" တော်ပါပြီ.. ကျေးဇူးအထူးပါပဲ.." လီနင်းဖန်သည် ခေါင်းခါယမ်းကာ
" ဘလက်ကီ အိမ်မှာ ကျုပ်ပြန်လာတာကို စောင့်နေတော့မယ်.. ဘလက်ကီ ဘယ်လိုလုပ်နေလဲ ဆိုတာ ကျုပ် တွေ့ချင်ပြီ.."

ဂူချင်းချန်သည် သက်ပြင်းချလိုက်ပြီး ဆက်ပြောလာခဲ့သည်။
" သခင်လေး  ဆုံးဖြတ်ပြီးပြီ ဆိုရင်တော့ ကျုပ်အတင်း မတိုက်တွန်းတော့ပါဘူး..."

တော်ဝင်ဧကရာဇ်နှင့် ကျိုးတချန်သည် လည်း ထရပ်ကာ ပြော၏။
" အထုတ်အပိုး ပြင်ဆင်သင့်ပါပြီ သခင်လေး.."

ဆရာကြီးမှာ ဆုံးဖြတ်ချက် ချပြီးပြီ ဖြစ်သဖြင့် သူတို့လည်း အတိုက်အခံ မလုပ်ကြတော့ပေ။

ဂူချင်းချန်သည် ခြံဝင်းကို ကျောခိုင်းကာ နန်းတော်ဆီ ဦးတည်လိုက်သည်။

ဂူမောင်နှမ မှာ ရောက်ရှိနေပြီး သူ့ကို ကြိုဆိုကြသည်။
" အဖေ "

ဂူချင်းချန် အမြန် မေးလိုက်သည်။ " ကျီယောင် ကျုပ် ခိုင်းထားတဲ့ ကိစ္စရော .. အခြေအနေ ဘယ်လိုလဲ  "

" အဖေ ၊ လုပ်ပြီးပြီ.. " ဂူကျီယောင်က ခေါင်းငြိမ့်လိုက်သည်။ သူမ သည် တွန့်ဆုတ်နေကာ ပြောလိုက်သည်။
" အဖေ ၊ ဆရာကြီးက ကောင်းကင်ရေ ပုတီးစေ့ ( ပုတီးစေ့ ဟု သုံးနှုန်းသွားပါမယ်) ကို စိတ်ဝင်စားနေပုံပဲ.. အဲ့ဒါနဲ့ ကျွန်မလည်း ပေးခဲ့လိုက်တယ်..."

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now