375+376+377+378

566 62 5
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၃၇၅
(နှစ်သုံးထောင်လမ်းစဉ်များ)

နောက်တစ်နေ့တွင်။

ကောင်းကင်ကြီးသည် တောက်ပလျက် ရှိသည်။

ပုံမှန်ထက် နောက်ကျမှသာ လီနင်းဖန်အိပ်ယာမှ နိုးခဲ့သည်။ ပြောရမည်ဆိုလျှင် မနေ့ညက သူနောက်ကျသည်အထိ မအိပ်ပဲ နေခဲ့ခြင်းကြောင့် ဖြစ်သည်။

သူ တံခါးဖွင့်လိုက်ပြီး သန်းဝေနေသေးလျက် နေမင်းကြီးအား မျက်နှာမူလိုက်သည်။

မင်္ဂလာနံနက်ခင်းပါ သခင်လေးလီ...

အကိုနင်းဖန် မင်္ဂလာ နံနက်ခင်းပါ..

ခြံဝင်းထဲတွင် တကျီနှင့် ကျန်သူများ အလုပ်ရှုပ်နေကြသည်။ သူတို့အားလုံး၏ မျက်နှာများမှာ ပြုံးရွှင်နေကြပြီး စိတ်ကောင်းဝင်နေကြသည်။
ဝိုး....အားလုံးက ပျော်နေတဲ့ပုံပါလား...ဘာတွေများ လုပ်နေကြတာတုန်း...
လီနင်းဖန် သူတို့အား ကြည့်ကာ မီးဖိုချောင်တစ်ဝိုက်၌ သူတို့အားလုံး အလုပ်များနေကြခြင်း ဖြစ်ကြောင်း သတိထားမိတော့သည်။

တကျီ၏ လက်ထဲတွင် ဂျုံလုံးတစ်လုံး ရှိနေကာ ပန်ကိတ်လုပ်နေခြင်း ဖြစ်သည်။ နန်နန်းနှင့်ဒရာဂျင်သည်လည်း ဘေးတွင် ဂျုံစေးနယ်နေပြီး ဂျုံမှုန့်များထဲသို့ အချိန်တိုင်း ရေဖြည့်နေကြသည်။ သူတို့မှာ အလုပ်များနေကြသော်လည်း ပျော်ရွှင်နေကြဟန်ရှိသည်။

ဖီးနစ်မီးငှက်ပင်လျှင် ဘာမှ လုပ်မနေပါက ရှက်စရာကောင်းသည်ဟု ခံစားနေရပြီး သူမသည် ဓားတစ်ချောင်းကိုင်ကာ အသားများအား လှီးဖြတ်နေလေ၏။

ရွှပ်...ရွှပ်...ရွှပ်...

သူမသည် အနီရောင်ဝတ်စုံဖြင့် မလှုပ်မယှက်ဖြစ်နေဟန် ရှိသော်လည်း ဓားတစ်ချောင်း ကိုင်ထားပြီး အသားများအား အပြင်းအထန် လှီးဖြစ်နေကာ ထိုမြင်ကွင်းမှာ လှပနေတော့သည်။

ဘလက်ကီနှင့် ရှောင်ပိုင်တို့အတွက် မည်သည်မျှ လုပ်စရာမရှိတော့ချေ။

မနက်ခင်း နေအလင်းရောင်၏ ဖြာကျမှုအောက်တွင် ဘလက်ကီ လဲလှောင်းနေပြီး မကျေမနပ်ဖြစ်နေပုံရကာ အထီးကျန်နေဟန် ရှိသည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now