41

1.3K 185 0
                                    

Uni
=======
#ကျုပ်ကဆရာကြီး
အခန်း ၄၁
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(ရှားပါး ကိုးမြှီးမြေခွေး)

မြေတူးနေစဉ်အတွင်း လီနင်းဖန် တစ်စုံတစ်ခု အား သတိရလိုက်ဟန်ဖြင့် အိမ်ဘက်သို့ ကြည့်ကာ လှမ်းအော်လိုက်သည်။
ရှောင်ပိုင် ၊ ဘလက်ကီ ဒီလာပြီး ကူညီဦး

ချစ်ရတဲ့သခင်ရေကျုပ်လာပြီ ရှောင်ပိုင်မှာ အတွင်းခြံထဲ မှ ပြေးထွက်လာလေသည်။
ဝုဝုဝု.. ဘလက်ကီ လည်း အသံကြားသည် နှင့် အမြှီးနှံကာ ပြေးလာသည်။

လီနင်းဖန် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။  အိမ်၌ အခမဲ့ အလုပ်သမားလေး နှစ်ကြောင်း ရှိကြောင်း သူ မေ့ထားမိသည် မဟုတ်လားသူတို့သာ ကူညီလျှင် များစွာ အလုပ်တွင်သွားလိမ့်မည်။

တော်ဝင်ဧကရာဇ်က သူ့အား မှော်ဆေးပင်များစွာ ပေးထားခဲ့သည်။ မှော်ဆေးပင် တစ်ခုစီတိုင်းက ကွဲပြားသလို အဖိုးတန်ကြသည်။ သူသာ အားလုံးကို စိုက်ပျိုးထားနိုင်ပါက အသေးစား ဆေးဥယျာဉ်တစ်ခုပင် ဖြစ်လာနိုင်သည်။

လီနင်းဖန် ဦးစွာ လင်ချင်းယွန် ပေးသည့် ဆေးပင်များအား စိုက်ပျိုးရန် ကြိုးစားလိုက်သည်။ သူ စိုက်ရမည့် နေရာတိုင်းအား သေချာ စီစဉ်လိုက်လေသည်။ ထိုအတိုင်းသာ ဆိုပါက ဧည့်သည်များ လာလျှင် အထင်ကြီးမည်မှာ အမှန်ပင်။

အားလုံးပြီးနောက်တွင် အရေးကြီးဆုံး ဖြစ်သော သစ်စေ့လေးအား ရေကန်လေး နံဘေးတွင် စိုက်ထားလိုက်သည်။ ထိုနေရာရှိ မြေသြဇာ မှာ တော်တော်လေး ကောင်းမွန်လှ၏။ အခြား သစ်ပင်များလည်း မရှိသည့်အတွက် လုံလောက်သည့် ရေရရှိကာ အကောင်းဆုံး နေရာ တစ်ခု လည်း ဖြစ်သည်။ သူသာ သေချာ ဂရုစိုက်မည်ဆိုပါက အပင်ပေါက်လာမည်ဟု ယုံကြည်မှု ရှိသည်။

သုံးရက် မှာ ကုန်ဆုံးသွားလေသည်။

လီနင်းဖန် ၏ ဘဝကြီးက ယခင်က ကဲ့သို့ ပျင်းစရာ ကောင်းလာလေသည်။ သူ့ အချိန်များအား ဥယျာဉ်ထဲတွင် အချိန်ဖြုန်းခြင်း ၊ စစ်တုရင် ကစားခြင်း နှင့် တ့ကျီ နှင့် စကားပြောခြင်းတို့တွင်သာ ကုန်ဆုံးသည်။

အခြားတစ်ဖက်တွင် မိစ္ဆာတစ်ကောင်၏ လူ့အသွင်ပြောင်းသတင်း မှာ ပျောက်ကွယ်မသွားသည့်အပြင် ပိုမို ကျော်ကြားကာ လူပြောများလာကြသည်။ သတင်းပြန့်သွားသည် နှင့် ကျင့်ကြံသူများစွာမှာ မြို့ထဲသို့ ဝင်လာကြသည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now