164+165+166

1.1K 160 4
                                    

#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အပိုင်း ၁၆၄
(ဆရာကြီးများ ဝန်းရံနေခြင်း)

ဘလက်ကီသည် သူမအား လှည့်ပင်မကြည့်ချေ။ အခြားတစ်ဖက်သို့ လှည့်သွားကာ သူမ မျက်နှာ ဆီသို့ ဖင် ပေးထားလေသည်။ ၄င်း၏အမြီးကို ဘယ်မှညာသို့ ဖြည်းဖြည်းချင်း ခါယမ်းနေသည် မှာ သူမအား လှောင်ပြောင်နေသည်ဟူ၍ ပင် ထင်ရသည်။

" ဟင်  " လီနင်းဖန်သည် ဇဝေဇဝါ သက်ပြင်းချသည်။ သူ့လက်ထဲရှိ ရုပ်ထုကို သံသယ ဖြင့် ကြည့်ကာ
" ဒီအရုပ်က ရွေ့နေသလိုပဲ... သူလှုပ်သွားတယ် တွေ့လိုက်လား "

သို့သော် သူ ဂရုစိုက်မနေတော့ပေ။

လီနင်းဖန် အရုပ်ကို ပြန်ချကာ
" တကျီ၊ သွားရအောင်၊ စောစောစီးစီး မနက်စာ အမြန်သွားစားကြမယ်.."

တကျီ ခေါင်းငြိမ့်လိုက်၏ " ဟုတ်ကဲ့.."

သူတို့ နှစ်ဦးသည် ဗိသုကာလေးပါး စံအိမ်မှာ ထွက်လာကာ တောင်ခြေကို ဆင်းလိုက် ကြသည်။

" ဘလက်ကီ  အိမ်ကို ကြည့်ထားနော်" လီနင်းဖန်သည် တောင်ခြေဆင်းနေရင်း အော်ပြောလိုက်၏်။

လမ်းလျှောက်နေရင်း နှင့်ပင် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။ သူ တကျီနှင့် မတွေ့ ခင်တွင် ဘယ်သွားသွား ဘလက်ကီကို ခေါ်သွားတတ်သည်။ သို့သော် ယခုမူ...

သူ့အချစ်တွေ လျော့နေပြီလား

.

ဗိသုကာ လေးပါးစံအိမ်ထဲတွင်...

ရုပ်ထု နောက်တစ်ကြိမ် တုန်ခါသွားသည်။ တဆက်တည်း အမဲရောင် မီးခိုးများ မှုတ်ထုတ်လိုက်သည်တွင် ပတ်ဝန်းကျင်၌ မိစ္ဆာစွမ်းအင်များ ဖုံးလွှမ်းသွားသည်။ ရုပ်ထု ၏ မျက်လုံးများသည် အနီရောင် တောက်တောက် အသွင်ပြောင်းသွားသည်။

သူမသည် ဒေါသတကြီး အသံနက်နက်ဖြင့် ဟိန်းဟောက်လိုက်၏။
" ခွေးစုတ်  နင့်ကို ကမ္ဘာ့အကောင်းဆုံး ပြိုင်ဘက်ကင်း ခွေး တစ်ကောင် ဖြစ်လာဖို့ အခွင့်အရေး နောက်တစ်ကြိမ်ပေးမယ်.. နင်ယူမှာလား   မယူဘူးလား  "

ဘလက်ကီသည် ထိုတော့မှ လှည့်ကြည့်သည်။ ၄င်းနှုတ်ခမ်းများတွင် သရော်သော အပြုံး
များ တွဲလွဲခိုနေကာ
" မင်း ဘယ်သူ့ကို ပြောနေတယ်ထင်လဲ  မင်းစကားကို ပြန်ပြင်ဖို့ ငါအခွင့်အရေးတစ်ခု ထပ်ပေးမယ်..."

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now