33

1.3K 212 3
                                    

Uni
=======
#ကျုပ်ကဆရာကြီး
အခန်း ၃၃
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(ဖယောင်းတိုင်ထက် ပိုကောင်းတာပေါ့)

သခင်လေးလီဒါက ဘာမှမဟုတ်ပါဘူးကျေးဇူးပြုပြီး လက်ခံပေးပါ တော်ဝင်ဧကရာဇ် က လေးနက်သည့် လေသံဖြင့် ပြောလာခဲ့သည်။

လီနင်းဖန် က သေတ္တာအား လက်ခံလိုက်ကာ ဖြည်းညင်းစွာ ဖွင့်လိုက်လေသည်။ သေတ္တာ နှုတ်ခမ်းဝ မှ တဆင့် မီးတောက်အရှိန်အဝါ တစ်ခုမှာ ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး နဂါးတစ်ကောင်၏ ဟိန်းဟောက်သံပါ ထွက်ပေါ်လာလေသည်။ သို့သော်လည်း ၄င်းမှာ အချိန်ကြာစွာ ရှိမနေပေ..။ တစ်ခဏအကြာတွင် ၄င်း၏ ခန္ဓာကိုယ်မှာ လေထဲ တုန်ရင်သွားခဲ့ပြီး ကြောက်ရွံလာဟန်ရသည်။ ထိုနဂါးဝိညာဉ်မှာ သေတ္တာထဲသို့ ပြန်ဝင်သွားကာ အနီရောင်မီးတောက်ပုလဲအသွင် ကူးပြောင်းသွားသည်။

ထို မြင်ကွင်းက တော်ဝင်ဧကရာဇ် နှင့် ကျန်သည့် လူများအား တုန်လှုပ်သွားစေသည်။

ဘယ်တုန်းက မီးနဂါးပုလဲက နာခံတတ်သွားတာလဲ

မီးနဂါးပုလဲမှာ ရှေးဟောင်းခေတ် မှ မီးနဂါး တစ်ကောင်၏ ဝိညာဉ် နှင့် ပေါင်းစပ်ထားသည် ဖြစ်ကြောင်း အား လူတိုင်း သိကြသည်။ ၄င်း ထံ မီးနဂါးတစ်ကောင်၏ မောက်မာမှု နှင့် ခက်ထန်မှု တို့ ရှိသည်။ ထို အရာ သည် တော်ဝင်မင်းဆက် ၏ အဖိုးတနျဆုံံးသော ရတနာ ဖြစ်ပြီး တော်ဝင်ဧကရာဇ်ပင်လျှင် လေးစားစွာ ဆက်ဆံရ၏။

သာမန်အားဖြင့် မီးနဂါးပုလဲမှာ ထွက်ပေါ်သည် နှင့် နဂါးဝိညာဉ်အသွင် ပြောင်းကာ အပြင်ဘက်၌ ခမ်းနားကြီးကျယ်စွာ ပြုမှုတတ်သည်။ သို့သော် ယခု၌ အဘယ်ကြောင့် ကျိုးနွံသည့်ဟန် ဖြစ်နေရသနည်း။

ဆရာကြီး၏ အရှိန်အဝါအား ကြောက်ရွံ၍လော

ဘယ်လို ဆရာကြီးမျိုးလဲမောက်မာတဲ့ မီးနဂါးပုလဲတောင်မှ သေတ္တာထဲ ပြန်ပုန်းနေရတယ်

တော်ဝင်ဧကရာဇ် ၏ နှလုံးသားတစ်ခုလုံး အကြောက်တရားတို့ ဖုံးလွှမ်းသွားသည်။ သူ အမြဲတစ်စေ ထို မီးနဂါး အညံ့ခံလာအောင် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ သို့သော် ထိုအကောင်မှာ လီနင်းဖန်အား တွေ့သည် နှင့် အချိုး ပြောင်းသွားတော့သည်။ လင်ချင်းယွန် နှင့် ကျောက်လောင်တု တို့လည်း တုန်လှုပ်နေသည်။ တော်ဝင်ဧကရာဇ်က မီးနဂါးပုလဲ အား လက်ဆောင်အဖြစ် ပေးလာလိမ့်မည်ဟု မထင်ထားချေ။ ၄င်းမှာ သာမန်လက်ဆောင် မဟုတ်ပေ။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now