99+100

1.2K 149 0
                                    

#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း (၉၉)
(ဖိအားတွေများလွန်းတာကြောင့် မင်းစိတ်တောင်မခိုင်တော့ဘူးပဲ)

ထိုမိစ္ဆာလေးနှစ်ကောင်မှာ သူတို့အမြှီး၌ စွမ်းအားများစုစည်းလာစေရန် အာရုံစိုက်ထားသည်။ သူတို့ခန်ဓါကိုယျထကျရှိအလငျးမြားမှာ ပိုမိုတောက်ပလာပြီး အလင်းတို့ဖြာထွက်သည်။

ဟူး....

သူတို့စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်း ချလိုက်၏။ သူတို့ အဖြေရှာမတွေ့သော်လည်းပဲ သူတို့၏စွမ်းအားတို့မှာ ဖြာထွက်ပြီး အားကောင်းလာသည်ဟု ခံစားရသည်။

သူတို့မယုံနိုင်စွာဖြင့် ဆန်ပြုတ်ရည်များအား ကြည့်လိုက်သည်။ သူတို့တုန်လှုပ်သွားမိသည်။

ဘယ်လိုဆရာကြီးမျိုးလဲ.....ဒီဆန်ပြုတ်ရည်တောင်မှ ရှားပါးပြီး အရမ်းကိုအဖိုးတန်လွန်းတယ်....

ဟုတ်ပေသည်။ သူတို့ ထို ဆန်ပြုတ်အရည် တစ်စက်လေးမျှ သောက်သုံးလိုက်ရုံဖြင့် ထူးဆန်းသည်များအားခံစားလိုက်ရသည်။  ကိုးမြှီးမြေခွေးနှင့် ဆရာကြီးတို့က ထိုဆန်ပြုတ်အား ပန်းကန်လိုက် စားသုံးနေခဲ့၏။

မည်မျှကြီးကျယ်လိုက်သနည်း....။

ထိုကဲ့သို့ ထူးခြားသည့် မီးအိမ် ၊ ထူးခြားဆန်းကြယ်သော ဆန်ပြုတ်...

ကိုးမြှီးမြေခွေးက ဒီလောက် စွမ်းအားကြီးလာသည်မှာ အံ့သြစရာ မရှိတော့ချေ။ သူမမှာ ဆရာကြီးတပါးနှင့် အမှန်တကယ် တွေ့ဆုံခဲ့ရသည်။
သူမက သူတို့အား အဆင့်တက်နိုင်မည်ဟု ကတိပေးခဲ့သည်။ ဤကဲ့သို့ အဆင့်တက်မှုမျိုးအား သူတို့ထင်မထားခဲ့ချေ။
ထိုကဲ့သို့သော ဆရာကြီး နှင့်ဆိုပါက မအောင်မြင်အောင်ကြိုးစားလျှင်ပင် ခက်ခဲလိမ့်မည် ဖြစ်ပေသည်။

လီနင်းဖန် မီးအိမ်လေး လင်းလက်လာကြောင်း သတိထားမိလိုက်ကာ ပြုံးလိုက်သည်။

"သူတို့က ဒီဆန်ပြုတ်ရည်ကို တော်တော်ကြိုက်တဲ့ပုံပဲ သူတို့ပျော်ရွှင်နေပုံရတယ်..."

"ရှင့်ရဲ့ဆန်ပြုတ်ကို မကြိုက်တဲ့သူ ဘယ်သူရှိဦးမှာလဲ သခင်လေးလီ..."

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now