303+304+305+306+307

814 92 0
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း (၃၀၃)
(မြေအောက်ကမ္ဘာပေါ်လာပြီ၊ သရဲတွေပေါ်လာပြီ)

မီးဖီးနစ် ငှက် မှာ သူမ၏ မူလ အသွင်ကို ပြောင်းလိုက်သည်တွင် ရုတ်ချင်း ကြီးမားလှသည့် ငှက်တစ်ကောင် အသွင် ပြောင်းလဲသွားသည်။ မီးတောက်များမှာ တောက်လောင်နေခဲ့ပြီး အလွန်တရာ ခမ်းနားလွန်းလှသည်။

သူမက စီးနင်းရန် ခွင့်ပြုထားသော်လည်း တကယ်တမ်းမှာ လီနင်းဖန်မှာ အပေါ်တွင် ထိုင်မနေခဲ့ချေ။ လီနင်းဖန် ဖီးနစ်ငှက်၏ နောက်ကျော၌ မတ်တပ်သာ ရပ်နေ၏။

ဖီးနစ်ငှက်မှာ သေးငယ်သည် မဟုတ်ပေ။ သူမ၏အတောင်ပံများအား ဖြန့်လိုက်ပါက ဆယ်မီတာခန့် ရှည်လျားသည်။ သူမ နောက်ကျောသည် ပျော့ပျောင်းသော အမွှေးများဖြင့် ကျယ်ပြန့်ပြီး အပူရှိန်မရှိသော်လည်း မီးများ တောက်နေပုံရသည်။

ထို့ပြင် မီးများတောက်နေသော်လည်း သူမအပေါ်သို့ မက်တပ်ရပ်လျှင် ချော်မကျနိုင်ပေ။ တကယ်တမ်းတွင် ထိုအရာမှာ နူးညံ့ပြီး သက်တောင့်သက်သာ ရှိလှပေသည်။ အရေးကြီးဆုံးမှာ သူ့ခြေဖဝါးအောက်တွင် နွေးနွေးလေးဖြစ်နေခြင်း ဖြစ်သည်။ ကမ္ဘာပေါ်ရှိ မည်သည့် စီးနင်းပျံသန်းမှုထက်မဆို သက်တောင့်သက်သာ ရှိစေပေလိမ့်မည်။

အကောင်းဆုံး ပျံသန်းနိုင်တဲ့ အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင်ပါလား....

လီနင်းဖန်က "တ့ကျီ တက်လာခဲ့လေ"

"ကောင်းပါပြီ" တကျီ ခေါင်းငြိမ့်လိုက်ကာ မြေခွေးလေးအား ပွေ့ချီလျက် နန်နန်းနှင့် ဒရာဂျင် တို့အတူ လိုက်ပါလာခဲ့သည်။

ဖီးနစ်မီးငှက်မှာ စိတ်ဆိုးပုံမပေါ်ချေ။ ဆရာကြီးအတွက် ၎င်း၏အဆင့်မှာ ပျံသန်းနိုင်သော အိမ်မွေးတိရစ္ဆာန်ဖြစ်ရမည်ဟု သိခဲ့သည်။ သူတို့မှာ တစ်ဖွဲ့တည်းဖြစ်သောကြောင့် သူမအား သူတို့ စီးနင်းလျှင်လည်း အဆင်ပြေသည်။

"ကိုင်ထား"

ဖီးနစ်ငှက်က မပျံသန်းမီ သူတို့အား သတိပေးထားခဲ့သည်။ ၄င်းမှာအရှေ့ဘက်သို့ ပျံသန်းလိုက်သောအခါ အမှောင်ထဲမှ မီးတောက်သည် ကောင်းကင်ယံအထက် ထိန်လင်းသွားကာ အလွန်တရာ လှပလွန်းလှ၏။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now