134+135

1K 148 0
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၁၃၄
(အင်မော်တယ်ကမ္ဘာ၏ အန္တရာယ်)

လီနင်းဖန် မျက်မှောင်ကြုံကာ ပတ်ဝန်းကျင် အား ဝှေ့ကြည့်လိုက်သည်။ သူ့အရှေ့ရှိ လူ မှာ ရမ်းကားလှပြီး လမ်းအား ပိတ်ရပ်ထားသည်။

သို့သော်လည်း ချင်မင်ယွင်တို့ အုပ်စုမှာ အနားသို့ လျင်မြန်စွာ ရောက်လာကြသည်။

အရူး ဒီသောက်ရူး ကတော့

ချင်မင်ယွင်နှင့် အခြားသူများ၏ စိတ်အေးချမ်းနေမှုများ ရုတ်ချည်း ပျောက်ဆုံးသွား၏။ သူတို့ လုံးဝ စိတ်ရှုပ်သွားကြကာ ထိုသူဋ္ဌေးသား အား အူကြောင်ကြောင်ဖြင့် သေမိန့်ကျသွားသူ တစ်ယောက် အဖြစ် စိုက်ကြည့်လိုက်ကြသည်။

ဒီသောက်ရူး ဘာလို့ သေချင်နေတာလဲ......

ချင်မင်ယွင် လီနင်းဖန်အား စိုးရိမ်ကြီးစွာ ကြည့်လိုက်ကာ အလောတကြီး ပြောသည်။
သခင်လေးလီ....ကျွန်မတောင်းပန်ပါတယ်...ဒီလို ဆန်ကုန်မြေလေးတွေကို ဂရုစိုက် မနေပါနဲ့....စိတ်မဆိုးပါနဲ့.... ကျွန်မတို့ ရှင်းပေးပါ့မယ်

လီနင်းဖန် စိတ်ပျက်သွားဟန် ရှိကာ သက်ပြင်းတစ်ချက် ချလျက် ပြောလေသည်။
ခင်ဗျားတို့ ဒီမှာ ရှိနေတာ ကျေးဇူးတင်ပါတယ်ဗျာ.....တကျီနဲ့ ကျွန်တော် အရင်ပြန်နှင့်တော့မယ်...ကျေးဇူးပဲ

လျိုရှီယူ အလောတကြီး နောက်မှ လိုက်သွားတော့၏။
သခင်လေးလီ သခင်လေးတို့ နှစ်ယောက်ကို ကျွန်မလိုက်ပို့ ပေးပါ့မယ်

လီနင်းဖန် ဒေါသထွက်သွားကြောင်း အားလုံး သိလိုက်ကြသောကြောင့် အသက်ပင် မရှူရဲ ကြချေ။ အမှားလုပ်မိထားသော ကလေးလေးများ ကဲ့သို့ သူတို့ ဂရုတစိုက် နေထိုင်နေကြတော့၏။

လီနင်းဖန် မျက်မှောင်ကြုပ်လျက် ဒေါသစိတ်များ ပြင်းထန်နေသည်။ သူဋ္ဌေးသားသည် လီနှင်းဖန်နှင့် တကျီကဲ့သို့ သာမန်လူများမှာ အနိုင်ကျင့်ရလွယ်သည်ဟု တွေးထားပုံရသည်။ သူသည် လီနင်းဖန်၏ ပြောစကားအား ဂရုစိုက်ခြင်းမရှိကာ သူတို့နှစ်ဦးအား ဝန်းရံလျက် တကျီအား နှောင့်ယှက်ရန် ကြိုးစားခဲ့သည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now