194+195+196

984 150 2
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၁၉၄
(လူသစ်လေးအား ကြိုဆိုခြင်း)

ရုပ်တုမှ အမှောင်စွမ်းအင်များ ထွက်ပေါ်လာပြီး လူများ သံပြိုင်အော်ဟစ်နေကြ၏။ ကောင်းကင်သည်လည်း အရောင်ပြောင်းသွားတော့သည်။

တဖြည်းဖြည်း ဆန်းကြယ်လာသည်။

ရွာသားများ အလွန်တက်ကြွနေကြကာ အလွန်အမင်း ယုံကြည် ဆုတောင်းနေကြသည်။

အမည်းရောင် ဝတ်ရုံရှည်ဝတ်ထားသော လူတစ်ယောက်သည် ရုပ်တုရှေ့တွင် မတ်တပ် ထရပ်လိုက်သည်။ သူ၏ ဝတ်ရုံက မျက်နှာအား ဖုံးအုပ်လျက်ရှိပြီး တစ်ကိုယ်လုံး မည်းမှောင်နေ၏။

ရုတ်တရက် ထိုသူသည် လက်နှစ်ဖက်အား ကောင်းကင်သို့ မြှောက်လျက် ကြည့်လိုက်သည်။
အရှင်မိစ္ဆာနတ်ဘုရား အရှင့်ကို ယုံကြည်ကိုးကွယ်နေတဲ့ တပည့်တပန်းတွေကို ကြည့်လိုက်ပါဦး...ကျေးဇူးပြုပြီး အင်မော်တယ်ကမ္ဘာကို ကြွလှမ်းခဲ့ပြီး ကျွန်တော်မျိုးတို့ကို ကောင်းချီးပေးပါဦး အရှင်...အခု ခံစားနေရတဲ့ ဝေဒနာမီးတွေကို ငြှိမ်းသတ်ပေးပါဦး

ကျင့်ကြံသူဆယ်ဦးခန့်မှာလည်း ရွာ၏ ပတ်ဝန်းကျင် နားတွင် ရှိနေသည်။ သူတို့ လုံးဝ စိတ်ညစ်နေဟန်ရှိကာ မန္တာန်အစီအရင်များအား အသက်သွင်းထားဆဲ ဖြစ်ပြီး မီးနှင့် ရေစွမ်းအားများ သူတို့ကို ဝန်းရံလျက်ရှိသည်။ ကြည့်ရသည်မှာ မျက်လှည့်ဆန်လွန်းသော မြင်ကွင်းပင် ဖြစ်တော့၏။

အခြား တစ်ဘက်တွင်လည်း မိစ္ဆာဆယ်ကောင်ခန့် ရှိနေသည်။ သူတို့တွင် ခြိမ်းခြောက်နေဟန်များ ပြည့်နှက်နေကာ သူတို့၏ အမှောင်စွမ်းအင်များသည် ရွာအား ဝန်းရံထားလျက်ရှိနေသည်။ အမည်းရောင် လှိုင်းများ ဖြစ်ပေါ်လာပြီး အမည်းရောင် နံရံအဖြစ် ပြောင်းလဲသွားကာ အကာအရံတစ်ခုသဖွယ် ဖြစ်နေ၏။

ကျင့်ကြံသူများ အစွမ်းကုန် တိုက်ခိုက်နေသော်လည်း အမည်းရောင် စွမ်းအင် အကာအရံအား မထိုးဖောက် နိုင်ကြချေ။

သောက်ကျိုးနည်းကွာ
ဝတ်ရုံများ လွင့်နေသော အကြီးအကဲတစ်ဦးမှ အဆုတ်ကွဲထွက်လုမတတ် အော်ဟစ်လိုက်ခြင်း ဖြစ်ကာ ရွာ၏ အပြင်ဘက်မှ ရပ်ကြည့်လျက် ဒေါသူပုန်ထနေတော့သည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now