55

1.2K 181 0
                                    

Uni
========
#ကျုပ်ကဆရာကြီး
ဘာသာပြန်သူ - တင်အောင်ခိုင်
အခန်း ၅၅
(နတ်ဘုရားအလား ဆရာကြီး)

ချင်မင်ယွင် က လင်ရှန်းနန်းတော်ဆီသို့ အမြန်ဆုံးသော အရှိန်ဖြင့် ပြန်လာခဲ့သည်။

ကြီးမားလာသည့် လေသဘောင်္ကြီးမှာ လင်းရှန်းနန်းတော် ထံ သို့ သက်ဆင်းသည်။ ချင်မင်ယွင် က သူမ ဆရာထံသို့ တိုက်ရိုက် ဦးတည်လိုက်၏။

စီနီယာ ချင်

စီနီယာ ချင် ပြန်လာပြီ

စီနီယာချင် ကို နှုတ်ဆက်ပါတယ်

လင်ရှန်းနန်းတော် ၏ ဂျူနီယာများမှာ ချင်မင်ယွင် အား အသီးသီး နှုတ်ဆက်လာကြသည်။ သူမ ခေါင်းညိတ်ပြသော်လည်း ခြေလှမ်းများအား မရပ်တန့်ပေ။

နေရာများစွာအား ကျော်ဖြတ်ပြီးနောက်တွင် ချင်မင်ယွင် ကျောက်တုံးခန်းမတစ်ခု အရှေ့ ရပ်လိုက်ပြီး တံခါးခေါက်လိုက်သည်။

အချိန်ခဏ ကြာပြီးနောက် ကျောက်တုံးတံခါး ပွင့်လာခဲ့ကာ ချင်မင်ယွင် ဝင်သွားသည်။

ကျောက်တုံးခန်းမသည် အပိုင်းနှစ်ပိုင်းဖြင့် ခွဲခြားထားပုံ ရသည်။ အထဲတွင် သလင်းကျောက်များဖြင့် အလှဆင်ထားသည်။

တစ်ဖက်ခန်းအား ထွင်းဖောက်မြင်နိုင်သည့် သလင်းကျောက်တို့ဖြင့် အလှဆင်ထားပြီး ဝတ်ရုံရှည် ဝတ်ဆင်ထားသည့် လူအိုကြီး တစ်ယောက် ရှိနေသည်။ အဖြူရောင်ဆံပင်များ မှာ လေထဲ မျောလွင့်နေပြီး ထူးခြားသည့် အရှိန်အဝါ တစ်ခု က သူ့အား လွှမ်းခြုံနေလေသည်။
ချင်မင်ယွင် လေးစားစွာဖြင့် အရိုအသေ ပေးလိုက်သည်။
မင်ယွင် က ဆရာသခင်ကို နှုတ်ဆက်ပါတယ်

အခြားတစ်ဖက်ရှိ လူအိုကြီး မှာ အံအားသင့်နေဟန်ရသည်။
ပြန်လာတာ မြန်လှချည်လားကိုးမြှီးမြေခွေးကို တွေ့ခဲ့ပြီလား

မဟုတ်ပါဘူး ဆရာသခင် ချင်မင်ယွင် အသက်ပြင်းတစ်ရှိုက် ရှူသွင်းလိုက်ကာ လေးနက်သည့်လေသံဖြင့် ဆက်ပြောသည်။
ဒါပေမဲ့ ကိုးမြှီးမြေခွေးရဲ့ တည်နေရာကို သိခဲ့ရပြီးပါပြီပိုပြီး အရေးကြီးတာက  အရမ်းထူးခြားတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက် နဲ့ တွေ့ခဲ့ရတာပါ

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now