74

1.2K 171 7
                                    

Uni
=======
#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း 74
(သေပြီးမှသာ အဆင့်အတန်းမြှင့်လာခြင်း)

လင်မုဖန်း အနီးကပ်ကြည့်လိုက်သည်။ ထိုလင်းယုန်၏
နှုတ်သီးမှာ တကယ်ပင် ငွေရောင် ဖြစ်နေ၏။ ၎င်းမှာ
ငွေလနတ်ဆိုးဘုရင်၏ ထူးခြားသော ဝိသေသ ဖြစ်ကြောင်း လူတိုင်းသိသည်။

အခြားသော လင်းယုန် မိစ္ဆာများက ကံမကောင်းစွာနှင့်ပင် ငွေရောင်နှုတ်သီး ရှိနေပါက နတ်ဆိုးဘုရင်ကြီးက ၎င်းအားချိုးဖြတ်ခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းအား ပြုမူလေသည်။ ထို့အတွက်ကြောင့်မို့ ထို ငွေရောင်နှုတ်သီးက ဤပိုင်နက်အတွင်း ငွေလနတ်ဆိုးဘုရင်
ပိုငျဆျိုငျထားသညျ့အရာတဈခုပငျ ဖြစ်လေသည်။

တောင်ပေါ်ရှိ မိစ္ဆာများ ဖရိုဖရဲ ဖြစ်နေခြင်း အပေါ်
သူတွေးတောမိလိုက်သည်။ ၎င်းက သေချာသွားလေပြီ။ ယခုတွင်တော့ ငွေလနတ်ဆိုးဘုရင်ကြီးမှာ
လင်းယုန်အသားအဖြစ် ဟင်းအိုးထဲ ရောက်နေလေပြီ။

လင်မုဖန်း တံတွေးနင်သွားသည် အလား ခံစားလိုက်ရပြီး အသက်ရှူကြပ်သွားသည်။ ငွေလနတ်ဆိုးဘုရင်မှာ
တစ်ခါက ကျော်ကြားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သော်လည်းပဲ ယခုတွင်တော့ ဟင်းအိုးထဲ၌ သာ သူ့ဘဝ အဆုံးသတ်သွားလေပြီဖြစ်၏။

ထိုအဖြစ်က မင်သက်ဖွယ်ကောင်းပြီး ကြောက်မက်စရာကောင်းလွန်းလှသည်။ ထိုနတ်ဆိုးဘုရင်က ဆရာကြီးအား မည်သို့ အပြစ်ပြုခဲ့သည်မှန်း သူမသိချေ။ သို့သော်လည်းပဲ ဆိုးရွားသည့် အဆုံးသတ်နှင့်သာ
ကြုံတွေ့လိုက်ရသည်။ သူ့အနေဖြင့် ယခုမှစပြီး ဆရာကြီး စိတ်ကျေနပ်စေရန်အတွက် အလွန်အမင်း ကြိုးစား ရပေမည်။

လင်ချင်းယွင်မှာ အိုးထဲရှိ ဆေးပင်များအား မြင်သည်တွင သူမ၏ချစ်စဖွယ်ကောင်းသော မျက်နာထက်တွင် တုန်လှုပ်သည့်အမှုအရာတို့ ထွက်ပေါ်လာခဲ့သည်။

သူမ မယုံနိုင်စွာ မေးလိုက်၏။

"သခင်လေးလီ...အဲ့ဒါတွေက စိတ်ဝိညာဥ်ဆေးပင်တွေလား.."

"အင်းလေ .. လီနင်းဖန် ပြုံးကာ ပြောလိုက်သည်။

"တ့ကျီက ဒဏ်ရာတွေ မရှိတော့တာမို့ ကျုပ်ဒီဆေးပင်တွေကို အသုံးမလိုတော့ဘူး...။
ဒါပေမယ့် သူတို့က ဆေးစွပ်ပြုတ်လုပ်တဲ့နေရာမာ
တော်တော်လေးကျု အရည်သွေးမြင့်ပုံရတယ်"

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now