11

1.4K 216 2
                                    

Uni
======
ကျုပ်က ဆရာကြီး
အခန်း ၁၁
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
( ဓားနတ်ဆိုး က ဒီမှာပဲ )

ဝမ်ကျင်းအင်မော်တယ် ဂိုဏ်းမှ တပည့်များအားလုံး ကောင်းကင်ထက်ရှိ ထူးဆန်းသည့် မြင်ကွင်းအား ကြည့်ကာ စိတ်လှုပ်ရှားသွားကြသည်။

ဂိုဏ်းခေါင်းဆောင် အဆင့်တက်တော့မယ်

သူ ထွက်ရပ်ပေါက်အဆင့်ကို ရောက်တော့မယ်ဒါဆို မနက်ဖြန် ဓားနတ်ဆိုး နဲ့  ရင်ဆိုင်မယ့် တိုက်ပွဲမှာ ငါတို့ ရှုံးနိမ့်ဖို့ အခွင့်အရေး နည်းသွားပြီ

ကျင့်ကြံခြင်းအဆင့်များ အား အောက်ဆုံးမှ ထိပ်ဆုံး သို့ စီရမည်ဆိုလျှင် ချီသန့်စင်ခြင်း ၊ အခြေခံအုတ်မြစ်တည်ထောင်ခြင်း ၊ ရွှေအမြူတေ ၊ ယင်ယန် ၊ ထွက်ရပ်ပေါက် ၊ စိတ်အာရုံနိူးထခြင်း ၊ အမြူတေပေါင်းစပ်ခြင်း ၊ မိုးကြိုးကပ်ဘေး နှင့် မဟာယန တို့ ဖြစ်သည်။

ယင်ယန် အဆင့် နှင့် အထက် ကျင့်ကြံသူများသာ လုံလောက်စွာ အားကောင်းပြီး ဂိုဏ်းတည်ထောင်ရန် အရည်အချင်း မှီကြသည်။ ယင်ယန် အဆင့် အထက် ကျင့်ကြံသူများ နှင့် မကောင်းဆိုးဝါးများမှာ မြင်တွေ့ရရန်ပင် ရှားပါးလွန်းလှသည်။

ထို တစ်ညလုံး ဝမ်ကျင်းဂိုဏ်း တောင်ထိပ်ရှိ လေထုသည် ပြင်းထန်နေပြီး အသက်ရှူရန်ပင် ခက်ခဲနေရသည်။ အကြီးအကဲကြီးတစ်ဦးမှာ ထိုနေရာထက်တွင် ထက်ရှစွာ ရပ်နေကာ လေဟာနယ်ထက် လွှင့်မျောနေသည်။ သူ၏ မျက်လုံး တစ်စုံသည်တော့ တင်းကျပ်စွာ ပိတ်နေလေသည်။ အဝေးမှ ကြည့်မည်ဆိုပါက သူ့ပတ်လည်တွင် ဓားတစ်ချောင်း ပုံရိပ်အား မြင်နိုင်မည်မှာ သေချာလှ၏။

ပထမဆုံး နေရောင်သန်းလာသည်တွင် ကောင်းကင်ထက်မှ အနက်ရောင် အရိပ်ကြီးတစ်ခုမှာ အောက်သို့ ထိုးဆင်းလာလေသည်။

နောက်ဆုံးမိနစ်လေးမှာတောင် အဆင့်တတ်နိုင်ခဲ့တယ်စိတ်ဝင်စားစရာပဲဝမ်ကျင်းအင်မော်တယ်ဂိုဏ်း ပိုင်ဝူချန်း မင်း နာမည်က နတ်တစ်ပိုင်းတွေရဲ့ မှတ်ကျောက်တင်ခံရဖို့တောင် ထိုက်တန်တယ်

ဓားနတ်ဆိုး ရောက်ရှိလာလေပြီ။

ရွီှး

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now