89

1K 151 0
                                    

Uni
======
#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၈၉
(ကောင်းကင်ထက်မှ ကျဆင်းလာသော လက်ဝါး)

ဆရာကြီးလား... စီနီယာ ချင်ယန်မှ နှာခေါင်းရှုံ့လိုက်သည်။ "ဒီလိုမျိုး ကလေးဆင်ခြေတွေကို ကျုပ်က ယုံမယ်ထင်လား..."

ခင်ဗျား ခုနက စစ်တုရင် ဝါသနာအိုးရဲ့ ကစားကွက်တွေကိုမြင်တယ်မလား သူတောင်မှ ဒါကို မဖြေရှင်းနိုင်တာ ကျုပ်လို ဘာမှမသိတဲ့ အဆင့်နဲ့ လူက ဖြေရှင်းနိုင်ခဲ့မယ်လို့ ထင်နေလား
လင်မုဖန်း လေးနက်စွာဖြင့်ဆက်ပြောသည်။
ပြီးတော့ ဒီထည့်စရာ ဗူးလေး အဲ့ဒါကို ဆရာကြီးက ကျုပ်ကို ပေးခဲ့တာပဲ ဒီခရီးစဉ် တစ်လျောက်လုံး ကျုပ်အတွက် အရန်းလွယ်ကူနေတယ်လို့ မထင်ဘူးလား အမှန်က ဒါတွေ အားလုံး ဆရာကြီးရဲ့ အစီစဉ်တွေပဲ သူက ကျုပ်အတွက်အားလုံး စီစဉ်ပေးခဲ့တာ.....

အဲ့ဒါက စစ်မှန်တဲ့ စစ်တုရင်တာအိုပဲ.....
စစ်တုရင် ဝါသနာအိုး တုန်ရင်စွာဖြင့် ထပ်တလဲလဲ ရေရွတ်နေခဲ့သည်။ သူ၏ မျက်နာတစ်ခုလုံးက နီရဲနေခဲ့ကာ သူ့မျက်လုံးများမှာလဲ တောက်ပလာခဲ့၏။

လင်မုဖန်း သက်ပျင်းချလိုက်သည်။
"ဆရာကြီးက အားလုံးကို သိနေတယ်...သူက ကမ္ဘာတစ်ခုလုံးကို တောင်မှ သူရဲ့ စစ်တုရင် ကစားပွဲလို့ သတ်မှတ်ထားတာပဲ ကြုပျကိုယျတျိုငျက သူရဲ့ လက်ထဲက ကျားစေ့လေး သာသာပဲ ကျုပ်ကိုယ်တိုင်လည်း ဒီထက်ပိုပြီး မမျှော်လင့်ရဲဘူး..."

စီနီယာ ချင်ယန်မှာ တွေဝေသွားပုံ ရသော်လည်း သူဆက်လက်၍ နှာခေါင်းရှုံ့လိုက်သည်။

"ဟဟ ဟာသပဲ လွန်ခဲ့တဲ့ နှစ်တစ်ထောင် ကတည်းက မသေခြင်း ထာဝရလမ်းစဉ်ရဲ့ တံတားက ပျက်ဆီးသွားခဲ့ပြီ ဒီလိုလူတစ်ယောက်က ကျုပ်တို့ အင်မော်တယ် ကမ္ဘာမှာ ရှိနေတယ်လို့ ထင်နေတာလား... ဘာလို့ရှိနေရမှာလဲ ခင်ဗျားက သေခါနီးမှ ကျုပ်ကို အသုံးမဝင်တဲ့ စကားတွေနဲ့ လိမ်လည်ဖို့ ကြိုးစားနေတာပဲ.... သူသာ တကယ်ပဲ အရာအားလုံး သိမယ်ဆိုရင်... ကျုပ် မင်းကို သတ်ပြီး ရေခဲသလင်းကျောက်ကို လုယူသွားမှာကို သူသိမှာပေါ့..ဟဟ"

လင်မုဖန်း သက်ပြင်းချလိုက်ကာ သူမျက်နှာထက်တွင် သနားသည့်ဟန်တို့ ပေါ်ပေါက်လာခဲ့သည်။
"ဟုတ်တယ် ဆရာကြီးက ဒါကိုလည်း မြင်ခဲ့တယ် ဒါကြောင့်မို့ သူက ကျုပ်ကို တစ်စုံတစ်ခု သင်ပေးခဲ့တယ်ကျုပ်က ခင်ဗျားကို ကူညီပြီး အသက်ရှင်ခွင့်ရအောင် လုပ်ပေးနေတာပဲ ခင်ဗျား ခေါင်းဆက် မမာနဲ့တော့ ဒီနေ့မှာ ကျုပ်မိတ်ဆွေ တစ်ယောက်ကို ကျုပ်လက်နဲ့ မသတ်ချင်ဘူး

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now