29

1.3K 199 0
                                    

Uni
======
#ကျုပ်ကဆရာကြီး
အခန်း ၂၉
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(ဆရာကြီးကို မနှောင့်ယှက်နဲ့)

မိုးသည်းထန်စွာ ရွာသွန်းပြီးနောက်တွင် ကန်ထဲ ရှိ ရေများမှာ ပြင်းထန်စွာ စီးဆင်းနေကြသည်။ လီနင်းဖန် ရေကန်နားသို့ ပင် မကပ်ရဲချေ။ သူ ဘလက်ကီ ကိုသာ အရှေ့မှ လမ်းပြစေသည်။

ဝုဝုဝု

ဘလက်ကီ ရုတ်တရက် တစ်စုံတစ်ခု အား ခံစားမိဟန်ဖြင့် အရှိန်တင်လိုက်ကာ လီနင်းဖန် အား လှည့်ကြည့်ပြီး သူ့နောက် လိုက်လာရန် အချက်ပြလိုက်သည်။

လီနင်းဖန် မျက်မှောင်အနည်းငယ် ကြုံမိလိုက်ပြီး အရှိန်တင်ကာ
ဘလက်ကီ မင်း တစ်ခုခု ရှာတွေ့မိလို့လား သူအဝေးသို့ လှမ်းကြည့်လိုက်သည်တွင် အံအားသင့်သည့် အရိပ်အယောင်များ မျက်လုံးထဲ ဖြတ်ပြေးသွားသည်။

အဝေး မီတာ တစ်ရာ ခန့်တွင် ပုံရိပ်လေးတစ်ခုမှာ မြေပြင်ထက် လှဲလျောင်းနေလေသည်။ လီနင်းဖန် မနှေးကွေးသွားရဲချေ။ ဒီအစား အရှိန်ကို ပိုတင်လိုက်သည်။

သူ့အရှေ့တွင် အဝတ်ဗလာဖြင့် မိန်းကလေး တစ်ဦး ရှိနေသည်။ သူမ၏ အသားအရည်မှာ နှင်းကဲ့သို့ ဖြူစွတ်နေပြီး ပန်းနုရောင်သွေးကြောများ ယှက်သန်းနေ၏။ သူမ၏ ပိတုန်းကဲ့သို့ နက်မှောင်သော ဆံနွယ်များက ကျောပြင်မှ တဆင့် ဖြာဆင်းနေလေသည်။ လေးကိုင်းသဏ္ဍာန် မျက်ခုံး တို့ အောက်ရှိ မျက်လုံး တစ်စုံ မှာ တင်းတင်း မှိတ်ထားပြီး ရှည်လျားသော မျက်တောင်များက ကော့ညွှတ်နေခဲ့သည်။ နှုတ်ခမ်းပါးလေးတို့သည်လည်း ပွင့်ဖူးစ နှင်းဆီးပန်းကဲ့သို့ပင် လှပလွန်းလှသည်။

လှပသည်။ အလွန်တရာ မှကို လှလွန်းနေသည်။

လီနင်းဖန်၏ အကြည့်တို့က ထိုမိန်းကလေး ထံ သို့ ကျဆင်းသည်တွင် စိတ်ထဲ မနေနိုင်ပဲ
တိုင်းပြည် နှင့် ပြည်သူများကို ဖျက်ဆီးခဲ့သည့် ဆုတကျီ  အကြောင်းအား တွေးမိလိုက်၏။

သူမ၏ အလှအပ က လင်ချင်းယွန် နှင့် လျိုရှီယူတို့ထက် သာလွန်သည်။ လီနင်းဖန် သူမ နှင့် နီးကပ်လာသည်တွင် သူမ၏ မျက်လုံးလေးများ ဖြည်းညင်းစွာ ပွင့်ဟ လာလေသည်။ ထို ဝါးတဝါး ပုံရိပ်မှာ လွန်ခဲ့သည့် သုံးနှစ်ခန့်က သူမအား ကူညီခဲ့သည့် လူ နှင့် တူလွန်းလှသည်။ ထိုယခင်က သူမ က မြေခွေး အဖြစ်သာ ရှိနေပြီး သေမင်းနှုတ်ခမ်းဝသို့ ရောက်ခဲ့သည်။ ထို လူသားကသာ သူမအား တောထဲမှ နေ၍ ကယ်ဆယ်ပေးခဲ့ခြင်း ဖြစ်သည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now