240+241+242+243

1K 130 4
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၂၄၀
(စျေးကွက်ချဲ့ထွင်သော မိုးပြာမြို့)

ဗြုန်း....

ဤသည်မှာ ဧရာမပုဆိန်ကြီး မြေပြင်ပေါ်သို့ ကျသွားသော အသံဖြစ်သည်။ စစ်မြေပြင်မှ ဆူညံနေသော အသံများထက်ပင် ပိုမို ကျယ်လောင်နေ၏။

အားလုံးမှာ နေရာတွင်ပင် မျက်လုံးများ ပြူးကျယ်သွားကာ အေးခဲသွားကြပြီး မယုံကြည်နိုင် ဖြစ်နေကြသည်။

အထူးသဖြင့် တုကျို၏ စစ်တပ်ပင်ဖြစ်သည်။ သူတို့သည် တိုက်ပွဲတစ်လျှောက် တုကျိုနှင့်အတူ တိုက်ခိုက်ခဲ့ကြသဖြင့် ပုဆိန်ကြီး မည်မျှ စွမ်းအားကြီးခဲ့ကြောင်း သိနေကြသည်။ သူတို့ နိုင်ရန် သေချာခဲ့သော်လည်း ပုဆိန်ကြီးမှာ နှစ်ပိုင်းပြတ်သွားချေပြီ။

ပုဆိန်ကြီး၏ ကျန်ခဲ့သော အပိုင်းတစ်ဝက်အား ကိုင်ကာ တုကျို အံ့သြမှင်သက်၍ နောက်ဆုတ်သွားသည်။ သူစိတ်နှင့်ကိုယ်နှင့် မကပ်တော့ဟန် ရျှိနကော အဖြစ်အပျက်အား လုံးဝမယုံကြည်နိုင်သေးချေ။

အရှင်မိစ္ဆာနတ်ဘုရားက ပေးခဲ့သော ရတနာလက်နက်မှာ ပျက်စီးသွားပြီလော။

သူ ရစ်ခ်ျ၏ ဓားရှည်အား ကြည့်လိုက်သောအခါ ၄င်းဓားရှည်သည် တောက်ပနေလျက်ရှိပြီး မည်သည့်အနာအဆာမှ ရှိမနေချေ။

ရစ်ခ်ျနှင့် သူ၏ စစ်သားများမှာလည်း ဆွံံ့အနေချေသည်။

ပုဆိန်မှာ ထူးခြားလွန်ကဲစွာ စွမ်းကြောင်း သိနေသောကြောင့် သူတို့ တိုက်ပွဲတွင် အသေခံ၍ တုကျိုအား တားဆီးရန် ဆုံးဖြတ်ခဲ့ကြသည်။

သို့ရာတွင် ထူးဆန်းသော အကြောင်းပြချက်တစ်ခုကြောင့် သူတို့ တစ်ဖန်ပြန်လည် နိုင်သွားနိုင်သည်။

ရစ်ခ်ျ သူ၏ ဓားအား ကြည့်လိုက်သောအခါ ဓားသည် သာမန်ပင်ဖြစ်သော်လည်း အခြားသောဓားများထက် ပိုမိုတောက်ပနေပြီး ဧရာမပုဆိန်ကြီးကိုပင် နှစ်ပိုင်းဖြတ်လိုက်နိုင်သည်။

ဒီ....ဒီဓားက သခင်လေးလီ ကိုယ်တိုင် လုပ်ပေးခဲ့တဲ့ဓားပဲ
ရစ်ခ်ျ ထိုသို့ရေရွတ်လိုက်ပြီး သူ၏ မျက်လုံးများတောက်ပသွားကာ ချက်ချင်းပျော်ရွှင် သွားတော့သည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now