190+191+192+193

1.2K 164 2
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အပိုင်း ၁၉၀
(ဘာလို့ ကျင့်ကြံနေမလဲ၊ ကပ်ဖားလျက်ဖား လုပ်တတ်ရင်ရပြီ..)

ဖလူး..........

မီးငှက်မိစ္ဆာသည် ကောင်းကင်ပေါ်တွင် အလွန်လှပသော ခြေရာလက်ရာ တစ်ခုချန်ထားခဲ့ကာ ဗိသုကာလေးပါး အပြင်ဘက်သို့ ပြုတ်ကျသွားတော့သည်။

ဘန်း.......

အငြင်းပွားနေသော လျောင်မန်ကျိနှင့် ဂူချင်းချန်လည်း ရုတ်တရက် ရပ်သွားတော့သည်။

သူတို့ မျက်လုံးများသည် မီးငှက်မိစ္ဆာအပေါ်တွင်သာ ရှိနေကြသည်။

သူတို့ ယခင်ကတွေ့ခဲ့ဖူးသော ဘဝင်မြင့်မြင့် မီးငှက်မိစ္ဆာတစ်ကောင် မဟုတ်တော့ချေ။

သူ့ပုံမှာ အလွန်ထိတ်လန့်ကာ ဝိညာဉ်ပျောက်နေသကဲ့သို့ ဖြစ်နေတော့သည်။ သူ့တွင် အရိုးများ မရှိသည့်လူကဲ့သို့ ပျော့ခွေနေလေ၏။ ထို့ပြင် ၎င်းမှာ မြေပြင်ပေါ်တွင် ပင်ပန်းနုံးချိစွာ ပစ်လဲချလိုက်သည်။ သူ့အမွှေးအတောင် များသည်လည်း ယခင်လို မတောက်ပနိုင်တော့ဘဲ ညစ်ပတ်ပေရေလျှက် ရှိရာ အထဲတွင်  သူမည်မျှ နာကျင်မှု နှင့် ကြောက်လန့်မှုဒဏ်ကို ခံစားခဲ့ရကြောင်း တွေးကြည့်၍ပင် မရနိုင်ပေ။

ထို့ပြင် ဤငှက်သည် မဟာယနအဆင့်ဖြစ်ကာ ဖီးနစ်၏မျိုးဆက်သွေးလည်း ဖြစ်နေပေသေးသည်။ သို့ဖြစ်ရာ ငှက်ဘဝကား ဤနည်းဖြင့် အဆုံးသတ်ခဲ့ ရလျှင် အလွန်နှမြောစရာ ဖြစ်နေတော့မည်။

သောက်ကျိုးနည်း

ပြီးနောက် လူအုပ်ကြီးသည် ခြံဝင်းဘက်သို့ ကြောက်လန့်တကြား ငေးကြည့်နေလိုက် ကြသည်။

ကြောက်စရာပဲ ... တကယ့်ကိုကြောက်စရာ .....

မင်းလုပ်တာ မင်းခံရတာပဲလေ ... မင်းပဲ လုပ်ခဲ့ပြီးတော့ကွာ ... ဂူချင်းချန်က ငှက်ကို လက်ဖြင့်ကောက်ချီလိုက်ကာ ဝမ်းနည်းစရာ အသံဖြင့်
မင်းသေချင်ရင်လည်း ငါတို့ကို ဆွဲမထည့်နဲ့လေ... ငါတို့က ဘာလုပ်လို့လဲ....

ချွတ်.. ချွတ်..ချွတ်

ထိုစဉ်တွင် သစ်ရွက်ခြောက်များပေါ် နင်းလျှောက်လာသော ခြေသံများကို ကြားလိုက် ရသည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now