15

1.4K 202 0
                                    

Uni
======
#ကျုပ်ကဆရာကြီး
အပိုင်း (၁၅)
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(အခြေခံ လောကတရား သို့ ပြန်သွားခြင်း )

စနစ်က သူ့အား အချို့ အရာများ ချန်ပေးသွားသောကြောင့် သူ ကျေးဇူးတင်မိလိုက်သည်။ စနစ် နေရာလွတ်မှာ ယခုထက်တိုင် ရှိသေးပြီး ခွဲစိတ်ခန်းသုံး ပစ္စည်းများလည်း အတွင်းထဲ ကျန်နေသးသည်။

ထိုနေရာ နှင့် မနီးမဝေးတွင်  လှပသော မိန်းမလှလေး နှစ်ဦး နှင့် သခင်လေး နှစ်ဦးမှာ စားသောက်ဆိုင် အပေါ်ထပ်တွင် နေ့လည်စာ စားနေကြသည်။  သူတို့မှာ လျိုရှီယူ ၊ အမတ်ချုပ်သား ၊ ဝန်ကြီးချုပ် သား တို့မှ လွဲ၍ အခြားမဟုတ်ကြချေ။ နောက်ထပ် အမျိုးသမီး ဧည့်သည်သည်တော့ လင်ယွန် အင်မော်တယ်ခုံရုံး မှ နတ်သမီးလေး လင်ချင်းယွန် ဖြစ်ပေသည်။

အမတ်ချုပ် နှင့် ဝန်ကြီးချုပ်တို့၏ သား နှစ်ယောက် မှာ သခင် အလိုကျ လိုက်နေပေးသည့် ခွေးနှစ်ကောင်ကဲ့သို့ လျိုရှီယူ အထင်ကြီးလာစေရန် အစွမ်းကုန် ကြိုးစားနေကြသည်။ ဧကရာဇ်မှာ အမတ်ချုပ် သား နှင့် မင်းသမီးလေး အား လက်ဆက်ပေးချင်သည်ဟု သတင်းထွက်နေသလို လျိုရှီယူသည်လည်း ဝန်ကြီးချုပ် သား နှင့် ပိုကောင်းလိမ့်မည် အား ထင်နေသည်ဟု ကောလဟာလ ရှိနေသည်။ သူတို့ သုံးပွင့်ဆိုင်ဇာတ်လမ်းမှာ တဖြည်းဖြည်း အရှိန်မြင့်လာခဲ့ပြီး အမတ်ချုပ်သား နှင့် ဝန်ကြီးချုပ်သားတို့ ကြားတွင် အဖုအထစ်များ ရှိလာလေသည်။

သူတို့ကြား ပြိုင်ဆိုင်နေမှုက တဖြည်းဖြည်း များလာခဲ့ပြီး အမတ်ချုပ် နှင့် ဝန်ကြီးချုပ်တို့ကိုပါ သက်ရောက်နေစေသည်။ ၄င်းမှာ ထင်မထားလောက်အောင်ပင်။ လီနင်းဖန်၏ အကြံပေးမှု မှာ တကယ်အလုပ်ဖြစ်သည်အား မြင်သည်တွင် လျိုရှီယူသည် ရင်ထဲမှ နေ၍ ကျေးဇူးတင်နေမိသည်။ သူမ စားသောက်နေစဉ်အတွင်း လသာဆောင်မှ အောက်သို့ လှမ်းကြည့်မိလိုက်သည်။ ရင်းနှီးသည့် ပုံရိပ်တစ်ခုအား မြင်လိုက်မိသည်တွင် သူမ ခန္ဓာကိုယ်လေး ရုတ်တရက် ဆတ်ခနဲ တုန်ခါသွား၏။

ဆရာကြီးလားသူ့ခန္ဓာကိုယ်မှာ အင်မော်တယ်တွေရဲ့ အငွေ့အသက်မရှိပဲ သာမန်လူ တစ်ယောက် အဖြစ်နဲ့ လမ်းမထက် လမ်းလျှောက်နေတာလား

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now