19

1.4K 218 0
                                    

Uni
======
#ကျုပ်ကဆရာကြီး
အခန်း ၁၉
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
( အဖြေ)

လီနင်းဖန်က ဓားအင်မော်တယ် ကျောက်စိမ်းကို လက်ခံလိုက်သည်အား မြင်လိုက်ရချိန်မှသာ ပိုင်ဝူချန်း ပြုံးနိုင်လိုက်သည်။

ဒါ အစကောင်းပဲ

အိုး ဟုတ်သားလူတစ်ယောက်က ကြောက်လန့်ပြီး ရူးသလို ဖြစ်သွားခဲ့ရင် ဘယ်လို ကုသရမလဲဆိုတာ မင်းတို့ နည်းလမ်း တစ်ခုခု သိလား"
လီနင်းဖန်  နန်နန်၏ အခြေအနေကို တွေးပြီးနောက် ကျင့်ကြံသူများထံ အကြံဥာဏ်တစ်ချို့ ရှိလိမ့်မည်ဟု တွေးလိုက်သည်။

လီနင်းဖန် က သူတို့ထံ အကူအညီတောင်းသည်အား ကြားလိုက်သော် လေးယောက်စလုံး
စက္ကန့် အနည်းငယ်ပင် အကုန်မခံနိုင်တော့ချေ။ ချက်ချင်းပင် လူစုကာ အကြံထုတ်ကြတော့သည်။ သူတို့အားလုံး လေးနက်စွာ မျက်မှောင်ကြုံ့ထားမိသည် အထိပင်။

လင်ချင်းယွန် က ပြောလာသည်။
"ရူးသွားတယ်ဆိုတာက များသောအားဖြင့် ဝိညာဉ်ကို ထိခိုက်သွားတာကြောင့်ပဲ ဝိညာဉ် ကိုကုသတဲ့ ဆေးပညာရပ် တစ်ချို့ကို ကျွန်မသိပါတယ်.အဲ့ဒီလူက ဘယ်လိုအခြေအနေလဲ ဆိုတာ ကျွန်မ သိလို့ရမလား"

"သူမက မကောင်းဆိုးဝါးတစ်ကောင်ရဲ့ ပြန်ပေးဆွဲမှုကိုကြုံရပြီး ကြောက်လန့်မှုကို ခံစားနေရတဲ့ သာမန် မိန်းကလေးငယ်လေးပါ" လီနင်းဖန် က ပြန်ဖြေလိုက်သည်။

"မိန်းကလေးငယ်လေး ပြီးတော့ သာမန်လူသား တစ်ဦး" လင်ချင်းယွန်  ခေါင်းပင်ကိုက်ချင်သွားသည်။
"အခြေအနေတွေက ဒီလိုဆိုရင် ကြည့်ရတာ တော်တော်လေး ခက်ခဲသွားပြီပဲသူမရဲ့စိတ်ဝိညာဉ် က အရမ်းအားနည်းတယ်ဒီဆေးပညာရပ်နဲ့ မသင့်တော်ဘူးအကယ်၍ ဒီလိုမျိုး ကုသလိုက်ရင် သူမအခြေအနေက ပိုတောင်ဆိုးလာနိုင်တယ်"

"ကြည့်ရတာ ဒီလိုဖြစ်တာဟာ သူမရဲ့အတွင်းပိုင်း အခြေအနေကြောင့် ဖြစ်နိုင်တယ်အပြင်ဘက်ကနေ စိတ်တည်ငြိမ်လာအောင် နည်းနည်းခြင်း အကူအညီ ပေးလို့တော့ ရလောက်မယ်
ပိုင်ဝူချန်း ထပ်လောင်း ပြောလိုက်သည်။

သူတို့ စိတ်ထဲ၌ သက်ပြင်းချမိလိုက်သည်။ ဆရာကြီး က သူတို့အား အကူအညီတောင်းခြင်းမှာ ရှားပါးသည်။ ထိုသည်တောင်မှ သူတို့ထံ သင့်တော်သည့် အဖြေမရှိသေးချေ။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now