22

1.3K 205 1
                                    

Uni
=======
#ကျုပ်ကဆရာကြီး
အခန်း ၂၂
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(ဆရာကြီးရဲ့ အရိပ်အမြွတ်တွေက တကယ့်စမ်းသပ်မှုတွေနဲ့ ပြည့်နေတာပဲ)

ဒါတွေ အားလုံး ငါ ပြောပြီးပြီမင်း ဘာသာ ယုံချင်ယုံ မယုံချင်နေဒါ ငါ ကူညီနိုင်တာ အကုန်ပဲ ပိုင်ဝူချန်း က တည်ငြိမ်စွာဖြင့် ပြောလာခဲ့သည်။ ဆရာကြီးမှာ စွမ်းအားကြီးပြီး အရာအားလုံး သိမြင်ကြောင်း သူသိသည်။ ဆရာကြီးက နောက်ကွယ်၌ သူ့အကြောင်းများ ပြောသည်အား မကြိုက်လျှင် ပိုင်ဝူချန်း တစ်ယောက် ခေါင်းကျိန်းရနိုင်သည်။ ထိုကြောင့် ဆက်ပြောရန် သူ စိုးရွံနေမိသည်။

ကျောက်လောင်တု က ပိုင်ဝူချန်းအား သံသယဝင်စွာဖြင့် ကြည့်လိုက်ကာ
မင်း အမှန်တိုင်း ပြောနေတာလား

အမှန်ပဲပေါ့ဟ ပိုင်ဝူချန်း ခေါင်းညိတ်လိုက်သည်။

ဒါ
ကျောက်လောင်တု တည်ငြိမ်သွားခဲ့သည်။ သို့သော် သူ့အသက်ရှူသံများက သူ့အား သစ္စာဖောက်နေ၏။ ပိုင်ဝူချန်းသာ အမှန်တိုင်း ပြောနေသည်ဆိုပါက ထို ဆရာကြီးမှာ လွန်စွာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ဖြစ်နိုင်သည်မှာ အင်မော်တယ်များ၏ အထက်၌ ရှိနေသည်လော

၄င်းမှာ သူ့အတွက် အခွင့်အရေး ဖြစ်နိုင်သည်အား ရုတ်တရက် သူ နားလည်လိုက်သည်။
ငါ မင်းနဲ့မနက်ဖြန် လိုက်ခဲ့မယ်ဒါပေမဲ့ မင်း ငါ့ကို လိမ်ခဲ့မယ်ဆိုရင် ငါ မင်းကို အလွှတ်ပေးမှာ မဟုတ်ဘူးနော် ကျောက်လောင်တု ပြောသည်။
နောက်တစ်နေ့ကောင်းကင်မှာ မှုန်ဝါးနေဆဲ ဖြစ်သော်လည်း ပိုင်ဝူချန်း က ကျောက်လောင်တု အား ခေါ်ကာ ကြွေလွှင့်မြို့ဆီသို့ ခရီးနှင်လိုက်သည်။ ပိုင်ဝူချန်းမှာ လီနင်းဖန် အား အနှောင့်အယှက် မပေးလိုချေ။ သူတို့၏ လေးစားမှု အား ပြရန် အတွက် ကြွေလွင့်မြို့  ဂိတ်တံခါးဆီသို့ စောလျှင်စွာ ရောက်နှုင့်ကာ လီနင်းဖန် အလာ အား စောင့်နေလိုက်သည်။

သို့သော်လည်း သူတို့ ရောက်သည့်အချိန်၌ လင်ချင်းယွန် မှာ ရောက်နှင့် နေပြီ ဖြစ်သည်။ အံသြသည့်ဟန် မရပဲ အချင်းချင်း ပြုံးပြလိုက်ကြ၏။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now