351+352+353+354+355

824 80 2
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အပိုင်း ၃၅၁
(တရားဓမ္မ အာရုံပြုခြင်းနှင့် ဝတ်ရုံနီများ)

ကျီးဆစ်က အပြင်ပိုင်းတွင် အမြင်အားဖြင့် တည်ငြိမ်အေးဆေးနေဟန် ရှိသည်။

သို့သော်လည်း သူ့စိတ်ထဲ၌ ဗြောင်းဆန်အောင် ယောက်ရက်ခတ်နေသည်။

ကျီးဆစ်တွင် ပင်ကိုထိုးထွင်းဉာဏ် ရှိသည်ဖြစ်ရာ လီနင်းဖန်နှင့် ကျန်လူစုက အပြင်ပိုင်းတွင် မည်သည်မှမဖြစ်သကဲ့သို့ ပုံမှန်ဆန်စွာ ရှိနေကြသော်လည်း သူ့ကို ကြိတ်၍ လှောင်ပြောင်နေသည်ဟူ၍ ကျီးဆစ်ခံစားရသည်။

ဘာဖြစ်ဖြစ်.. ရပါတယ်... ကျုပ်ကလည်း ကျုပ်သိက္ခာကို သိပ်ဂရုစိုက်တတ်တဲ့ကောင်မှ မဟုတ်တာ...

ကျီးဆစ်က ရှင်းပြသည်။ ဗုဒ္ဓဘာသာဆိုတာ စိတ်အားပြင်းပြစွာ တရားအားထုတ်ဖို့ လိုတယ်.. ခရီးဆုံးကို သွားတဲ့ လမ်းတစ်လျှောက်မှာတင်ပဲ စမ်းသပ်မှုတွေ အများကြီး ကြုံတွေ့ရတယ်... ဒီအတွက်ကြောင့် ကျုပ်ကိုကျုပ် အဲ့ဒီဘွဲ့ပေးလိုက်တာပဲ....

ကျိုးယွင်ဝုက လေးလေးနက်နက် ခေါင်းညိတ်ထောက်ခံ၏။ နားလည်နိုင်ပါတယ်... ကျီးဆစ် ၊ ခင်ဗျားက အတော် ခန့်ညားတာပဲ... ဆံပင်တွေ အာလုံးအပြောင်ရိတ်ပစ် လိုက်တာတောင် ခင်ဗျားရဲ့ ချောမောမှုတွေက သိသိသာသာကို အထင်းသား ဖြစ်နေတုန်းပဲ.. ခင်ဗျား စဉ်းစားချင့်ချိန်ပြီး အခုလို ခပ်ကြောင်ကြောင် နာမည်ပေး လိုက်တာကို နားလည်နိုင်ပါတယ်...

အောမိတောဖော... ခန့်ညားတဲ့ ရုပ်ခန္ဓာက ကျုပ်ကို ဒုက္ခတွေပဲ ဖြစ်စေတယ်...

ပြီးနောက် ကျီးဆစ် မျက်လုံးမှိတ်လိုက်ကာ ဘုရားစာများကို တပွမ်ပွမ် ရေရွတ်နေသည်။ သူက ဖိတ်လိုက်၏။
ကျုပ် လာရင်းကိစ္စကတော့ ဧကရာဇ်ကျိုးကို ကျုပ်တို့ရဲ့ ဘာသာရေး အခမ်းအနားကို တက်ရောက်ဖို့ လာဖိတ်ကြားခြင်းပါ... နေရာကတော့ အနောက်အရပ်က ဝမ်ရှမ်းကုန်းမြင့်မှာပေါ့ ... စိတ်စွမ်းအင် တောင်လို့လဲ လူသိများ ကြပါတယ်... ဟူ၍ ပြောလိုက်ရင်း လီနင်းဖန်ကိုလည်း ဖိတ်ကြားလိုက်သည်။ သခင်လေးလီ... သခင်လေးအပေါ်မှာ ကျုပ်တို့ ဘာသာဝင်တွေ ဟာ အကြွေးရှိပါတယ်.. သခင်လေး လာဖို့ကို ကျုပ်တို့ မျှော်နေပါ့မယ်...

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now