78

1.2K 172 2
                                    

Uni
======
#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၇၈
(သခင်လေးလီဟာ တကယ်ကို ကောင်းကင်ဘုံက ရွေးချယ်ခံထားရသူပဲ)

စွန်းအဘိုးကြီးနှင့် အကြီးအကဲ သုံးယောက်တို့မှာ အေးစက်သွားသည်။ သူတို့ စွတ်ပြုတ်အား စိုက်ကြည့်လိုက်ကြသည်။

သူတို့ စွတ်ပြုတ်တစ်ငုံအား အလျင်အမြန် သောက်လိုက်ကြသည်။

ရှလွတ်......

သူတို့၏ ပါးစပ်များထဲသို့ စွတ်ပြုတ်ရည်များ ရောက်ရှိသွားသည်။

ရုတ်တရက် သူတို့ အရသာရှိမှုအား ကျေနပ်စွာ ခံစားလိုက်ရသည်။  ထို့နောက်တွင် သူတို့သည် စွတ်ပြုတ်ရည်အား မြိုချလိုက်ကြသည်။

အငမ်းမရပဲ......

ခန်းမတစ်ခုလုံးတွင် စွတ်ပြုတ်အား အငမ်းမရသောက်သုံးနေသော အသံများဖြင့် ပြည့်နှက်သွားသည်။

သူတို့ထဲမှ အချို့မှာ စွတ်ပြုတ်အား မြန်ဆန်လွန်းစွာ သောက်နေကြကာ သူတို့၏ မုတ်ဆိတ်ရှည်ရှည်များပေါ်သို့ပင် စွတ်ပြုတ်ရည် များ စီးကျနေလေသည်။ သို့သော်လည်း သူတို့၏ မုတ်ဆိတ်မွှေးများပေါ်သို့ ရောက်ရှိသွားသော စွတ်ပြုတ်ရည်များအား လက်ဖြင့် တားယူလိုက်ကာ ပါးစပ်ထဲသို့ ပြန်ထည့်လိုက်ကြသည်။

ကောင်းလိုက်တာ..အရသာရှိလိုက်တာ......

သူတို့မှာ ကမ္ဘာကြီးတစ်ခုလုံးအား မေ့သွားဟန်ပင် ရနေသည်။ သူတို့၏ စိတ်ထဲတွင် ရှိသော တစ်ခုတည်းသောအရာမှာ စွတ်ပြုတ်သောက်ရန်သာ ဖြစ်၏။

စွတ်ပြုတ်များအား ကုန်အောင်သောက်လိုက်ပြီးနောက်တွင် သူတို့ နားလည်သွားသည်။

အိုး......

ဒီစွတ်ပြုတ်ကိုသောက်လိုက်ရတာနဲ့ တင် ငါတို့အသက်ရှင်နေရတာ ထိုက်တန်သွားပြီ......

ပထမအကြီးအကဲသည် လင်မုဖန်း အား ကြည့်လိုက်ကာ ပြောလေသည်။
ဂိုဏ်းခေါင်းဆောင်....ဒီစွတ်ပြုတ်က..

လင်မုဖန်းသည် ပထမအကြီးအကဲ၏ စကားအား သူ၏လက်များအား မြှောက်လျက် တားလိုက်ကာ ပြုံးလိုက်၏။
စကားမပြောနဲ့ဦး....အတွေ့အကြုံယူလိုက်...အရသာကို ခံစားလိုက်

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now