384

626 39 4
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း  ၃၈၄
(ဝမ်းနည်းပါတယ်... ရှင့်ရဲ့စွမ်းဆောင်ရည်ကို လိုက်မမှီတော့ဘူး... )

လီနင်းဖန်မှာ မြင့်မားသော မျှော်စင်ပေါ်၌ ရပ်ကာ အင်မော်တယ်တစ်ယောက်၏ အကျိုးကျေးဇူးများကို အပြည့်အဝ ခံစားခဲ့ရသည်။ စစ်တုရင် ခုံပေါ်မှ ကျားစေ့များကဲ့သို့ မြင်ကွင်းမှာ ကြယ်ပွင့်များဖြင့် အမှန်တကယ်ပင် ပြန့်ကျဲနေခဲ့သည်။ ကြီးမားကျယ်ပြန့်သော ဂလက်ဆီသည် စစ်တုရင်အပိုင်းအစ တစ်ခုမျှသာ ဖြစ်သည်။

လီနင်ဖန် မေးလာခဲ့သည်။

"မိန်းကလေး ကျိ နဂါးငွေ့တန်း တွေကို ခြယ်လှယ်လို့ရလား..."

"ရတယ်...ကြယ်တွေကို စီမံခန့်ခွဲပေးတဲ့ သူတွေရှိတယ်...တချို့က နဂါးငွေ့တန်းနဲ့အတူ မွေးဖွားလာပြီး တချို့က ကောင်းကင်နန်းတော်က တာဝန်ပေးထားတဲ့သူတွေပေါ....သူတို့က ကြယ်တွေရဲ့ ရွေ့လျားမှု ၊ အချိန်နဲ့ ရာသီဥတုလေးမျိုးရဲ့ အပြောင်းလဲတွေကို ထိန်းချုပ်ကြတယ်...."

ကျိရီ ခေတ္တရပ်ပြီးနောက် ဆက်ပြောလိုက်သည်။

"သူတို့ထဲက တစ်ယောက်က တာအိုကျင့်ကြံသူ ရှင်းဟီ ပါ..."

လီနင်းဖန်မှာ တာအိုကျင့်ကြံသူ ရှင်းဟီ  နဲ့ ပထမဆုံး တွေ့ဆုံသည့် အချိန်အား စဉ်းစားကြည့်မိလိုက်၏။ သူ အတော်လေးကို အံ့အားသင့်သွားသည်။

"အိုး...ဒါ အရမ်းစိတ်ဝင်စားစရာကောင်းတာပဲ...ဘယ်တစ်ခုမှာ သူတာဝန်ကျနေတာလဲ...."

ကျိရီ သူမ၏ လက်အားမြှောက်လိုက်ပြီး အမှတ်တစ်ခု ဆီသို့ ညွှန်ပြရန် ကြည့်နေခဲ့သည်။ သူမ အချိန်အတော်ကြာ ရှာဖွေလိုက်ရပြီး ကို့ရို့ကားရား ပြောလိုက်သည်။

"ဒါက နည်းနည်း ဝေးပြီး နည်းနည်းတော့ သေးတယ်...ပြီးတော့ နည်းနည်း မှိန်နေတယ်... ဒီက မမြင်ရတော့ဘူး..."

"ဟဟ ကျုပ်နားလည်သွားပြီ"

လီနင်းဖန်ရယ်မောလိုက်သည်။ သူ ဘုံ ၏လမ်းဆုံအား လှမ်းကြည့်လိုက်ပြီးနောက် စကြာဝဠာကို ထပ်မံကြည့်လိုက်ပြန်သည်။ သူတို့ ကြယ်များအား ဖြတ်ကျော်ခဲ့ကြပြီး ၎င်းမှာ အလွန်တရာ လှပလွန်းလှသည်။

You've reached the end of published parts.

⏰ Last updated: Mar 19, 2023 ⏰

Add this story to your Library to get notified about new parts!

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now