103+104

1.2K 155 5
                                    

#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၁၀၃
(ရေခဲချောင်းတစ်ကိုက်နှင့်ကောင်းချီးမင်္ဂလာ)

ကံကောင်းလိုက်တာ.....

ကံကောင်းလိုက်တာ.....

တော်ဝင်ဧကရာဇ်နှင့် လျိုရှီယူတို့မှာ မျက်ရည်ကျလုမတတ် ကြိတ်၍ ဝမ်းသာနေမိသည်။

ဆရာကြီးအတွက် စာကို ကိုယ်တိုင်ယူလာပေးရတာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဆိုတာကို ငါသိသားပဲ....

ဆရာကြီး က ပျော်ရွှင်နေရင် သူပြန်ပေးသမျှ လက်ဆောင်တွေက အဖိုးတန်တာတွေချည်းပါပဲလား.....

ဒီရေခဲတွေက စားကောင်းမှာ အမှန်ပဲ

ပြီးတော့ အရောင်ကလည်း အဝါရောင် ဖျော့ဖျော့လေးတွေ......

အရေးကြီးဆုံးအချက်ကတော့ ဒီရေခဲတွေကို ရေခဲသလင်းကျောက်ရဲ့ အစွမ်းနဲ့ လုပ်ထားတာပဲ....

ဒါဟာ အမှန်တကယ်ပဲ အထူးနည်းစနစ်တွေနဲ့ လုပ်ထားတဲ့ အင်မော်တယ်တွေရဲ့ အစားအစာပါပဲလား.....

လီနင်းဖန်မှာ သူတိူ့၏ တုံ့ပြန်မှုများအား ဂရုမစိုက်နိုင်ပေ။ သူ မစောင့်နိုင်တော့ချေ။ သူ ရေခဲချောင်းအား လျှာဖြင့် လျက်လိုက်သည်။

ချက်ချင်းပင် အေးမြသောခံစားမှုမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပျံ့နှံ့ သွားကာ လန်းဆန်းသွားလေသည်။

ကောင်းလိုက်တာ.....

ရေခဲချောင်းပြုလုပ်ရန် သူအသုံးပြုသော အဓိကပါဝင်ပစ္စည်းမှာ လိမ္မော်သီးပင်ဖြစ်သည်။ ၄င်း၏ ချဉ်ချိုအရသာမှာ သူ၏ လျှာမှ အရသာခံဘုများအား လှုံ့ဆော်နေသည်။ လီနင်းဖန်မှာ မျက်လုံးများ မှိတ်လျက် သူ့့ စိတ်နှင့်ခန္ဓာ ၏ အကောင်းဆုံး ကြည်နူးမှုအား ခံစားနေပေသည်။

ဒီ ခံစားချက်..... လွမ်းစရာကောင်းလိုက်တာ....

လီနင်းဖန် ကိုယ်တိုင်ပင် အလွန်အမင်း ကျေနပ်နေပုံ အား မြင်ရသော အခါ တော်ဝင်ဧကရာဇ်လည်း အချိန်ဆွဲမနေတော့ပေ။ သူသည် ရေခဲချောင်းအား ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။

ချက်ချင်းပင် နက်ရှိုင်း၍ သိမ့်ခနဲ အေးချမ်းမှုတို့မှာ တစ်ကိုယ်လုံးတွင် ပျံ့နှံ့သွားသည်။ အေးမြသော စိတ်ဝိဥာဉ် ချီစွမ်းအင်များသည် ခိုင်မာစွာ သူ၏မျက်လုံးရှေ့တွင် မျောလွင့်နေသည်။ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သောစွမ်းအားများ ရှိနေသော်လည်း သူ၏ ခန္ဓာကိုယ်တစ်လျှောက်လုံးတွင် ကြက်သီးများထနေပေသည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now