72

1.1K 157 0
                                    

Uni
======
#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း  ၇၂
(အာ ရှက်ဖို့ကောင်းလိုက်တာ)

အနောက်ရပ်သို့ ခရီးသွားခြင်း....

ဂေါတမ ဗုဒ္ဓ...

လက်ငါးချောင်းတောင်...

လင်ချင်းယွင် ထိုစကားလုံးများအား တွေးမိလိုက်ကာ  အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။ ထိုသက်ရှိ များက အလွန်အမင်း စွန်းအားကြီးလှသည်မှာ အံ့သြစရာမရှိတော့ချေ။ ထိုနှစ်ယောက်က တကယ်ကို ဆရာကြီးနှစ်ပါးပေ ဖြစ်နေပေသည်။

အနောက်ရပ်သို့ ခရီးသွားခြင်း ပုံပြင်ဇာတ်လမ်းအား သူမ အစမှအဆုံးတိုင်အောင် ထပ်တလဲလဲ နားထောင်ခဲ့သည်။ အနောက်ရပ်သို့ခရီးသွားခြင်း လောက အပေါ်သူမ အလွန်အမင်း လေးစားနေခဲ့၏။

ထိုဆရာကြီးနှစ်ပါးက သူမ၏အကြိုက်ဆုံး ဖြစ်ကာ ယခုလိုတွေ့ ရသည့်အတွက် စံပြပုဂ္ဂိုလ်အားတွေ့ရသည့်
ပရိတ်သတ်မလေး အလား အလွန် စိတ်လှုပ်ရှားနေပေသည်။

အံ့သြစရာပဲ ဆရာကြီးက ဒီပုံရိပ်တွေကိုတောင် ပြန်ထုတ်ဖော်နိုင်တယ်...

ဒါက သေချာပေါက်သူ အနောက်အရပ်သို့ခရီးသွားခြင်းကို ကြုံတွေ့ခဲ့ရတာပဲ ဖြစ်ရမယ်....

အဲ့ဒါက ကောင်းကင်ရဲ့ ရှေးဟောင်းခေတ်တစ်ခုက အဖြစ်အပျက်ပဲ ဖြစ်မယ် ပြီးတော့ သူက ဂေါတမ ဗုဒ္ဓရဲ့ ဉာဏ်အလင်းတွေကို ပုံတူကူး ဖော်ပြနိုင်တယ်လား... ဒါဆိုရင် သူက ဗုဒ္ဓထက်တောင်မှ အဆင့်မြင့်နေတယ်လို့ ဆိုလိုလိုက်တာပဲလား...

ကြောက်မက်ဖွယ်ကောင်းလိုက်တာ...
ရုတ်ချင်း ဂေါတမဗုဒ္ဓ၏ လက်ဝါးတော်မှာ မှောက်လျက်သား ဖြစ်သွားပြီး မြေပြင်ထက်သို့ ဖိနှိပ် သက်ဆင်းသည်။

အရာအားလုံးမှာ ထိုကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအား၌ ဖိနှိပ်ခြင်းခံရသည်။

ဝူခုန်း မှာ လက်ဝါးအောက်၌သာ ရှိနေခဲ့သည်။ သူက အားကောင်းပြီး အစွမ်းထက်လှသော်လည်းပဲ
ဗုဒ္ဓ၏ လက်ငါးချောင်းမှ လွတ်မြောက်နိုင်ခဲ့ခြင်းမရှိချေ။

လင်မုဖန်း ကျောက်ရုပ် တစ်ရုပ်အလား ရပ်နေမိသည်။ သူက ပုံရိပ်ဖော်ပုလဲအား မှင်သက်စွာ ကြည့်နေပြီး
ခံစားနေမိ၏။ သို့သော်လည်းပဲ သူ၏အကြည့်တို့ထဲတွင် စိတ်လှုပ်ရှားမှုတို့နှင့်သာ ပြည့်နှက်နေခဲ့သည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now