51

1.2K 177 0
                                    

Uni
======
#ကျုပ်ကဆရာကြီး
ဘာသာပြန်သူ - တင်အောင်ခိုင်
အခန်း ၅၁
(သခင်လေးလီ၏လှည့်ကွက်များ)

ချင်မင်ယွင် သည် လီနင်းဖန်အား အလွန်ပင် ကြောက်ရွံနေဟန်ရှိသည်။ သူမမှာ အသက်အား ထိန်းချုပ်ရှူသွင်းလျက် တောင့်တင်းစွာ မတ်တပ်ရပ်နေ၏။

သူမ က အလွန် ယဉ်ကျေးသိမ်မွေ့လွန်းသည်။  သူမ၏ ထူးခြား သော အပြုအမူများကြောင့် အရှိန်အဝါ   ကြီးမားသော ဂိုဏ်းတစ်ဂိုဏ်းမှ ဂိုဏ်းသားတစ်ယောက် ဖြစ်မှန်း လူတိုင်း ပြောနိုင်သည်။

အဲ့ဒီ့မှာပဲ ရပ်မနေပါနဲ့ ထိုင်ပါဦး လီနင်းဖန်မှာ ပြုံး၍ပြောလိုက်သည်။
ရှောင်ပိုင် မိန်းက လေး နှစ်ယောက်အတွက် သောက်စရာတစ်ခုခု ယူခဲ့ဦး

ချင်မင်ယွင်သည် သူမ၏ စိတ်အား တည်ငြိမ်စွာထား၍ ပြောလိုက်သည်။
သခင်လေးလီ ကျွန်မ သခင်လေးလီ ဆီကို အကြောင်းမကြားပဲနဲ့ မလာခဲ့သင့်ပါဘူး...... အဆင်မပြေဖြစ်သွားရင် တောင်းပန်ပါတယ်

အဆင်မပြေ မဖြစ်ပါဘူး ကျုပ်က တကယ်တော့ မိန်းကလေးတို့နှစ်ယောက်ကိုတွေ့ဖို စောင့်နေတာပါ
လီနင်းဖန် ရယ်လျက်ပြောလိုက်သည်။

ဟင်....

လျိုရှီယူနှင့် ချင်မင်ယွင်တို့ နှစ်ယောက်မှာ အံအားသင့် မှင်သက်သွားဟန် ရသည်။ သူမည်သည့် အကြောင်းအရာအား ဆိုလို၍ပြောဆိုနေခြင်း အပေါ် သူမတို့မှာ နားလည်လိုက်သည်။

သူမတို့နှစ်ယောက်မှာ ထိုင်နေရာမှ အလိုအလျောက် နောက်တစ်ကြိမ် မတ်တပ်ထရပ်မိသွားသည်။

လျိုရှီယူ လေးစားစွာ ပြောလိုက်သည်။
သခင်လေးလီ သခင်လေးလီ လိုအပ်တာမှန်သမျှ ကျွန်မတို့ကိုပြောပါ

သူမတို့နှစ်ယောက်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေလေသည်။ သူမတို့ နှစ်ယောက်မှာ သခင်လေးလီအား မည်ကဲ့သို့ ကူညီနိုင်လိမ့်မည်ကို  သူမတို့မသိပေ။

ကူညီလိုက်နိုင်သည့် အချိန်တွင်မူ သူမတို့အတွက် ကောင်းကျိူး များစွာ ရှိလာနိုင်ပေသည်။

တန်ဖိုးမဖြတ်နိုင်တဲ့ အခွင့်အရေးတစ်ခုပါလား.......

ကျုပ် မိန်းကလေးတို့ကို ဘာမှမခိုင်းပါဘူး
လီနင်းဖန် အနည်းငယ် ရှက်သွားသည်။ သူတို့က အလွန်ပင် အားနာနေကြသည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now