53

1.2K 173 0
                                    

Uni
=======
#ကျုပ်ကဆရာကြီး
ဘာသာပြန်သူ - တင်အောင်ခိုင်
အခန်း၅၃
(ကောင်းကင်ကြီးအားတွေ့ရှိသွားသော ပုရွက်ဆိတ်လေး)

လီနင်းဖန် ရုတ်တရက် အကြံရလိုက်သည်။ ချင်မင်ယွင်မှာ စံပြပုဂ္ဂိုလ် တစ်ယောက်သဖွယ် အရည်အချင်းရှိသည်။ ယဉ်ကျေး၍ အသိပညာကြွယ်ဝပုံပေါ်သည်။ သူမ မှာ စစ်တုရင်အား ကောင်းကောင်း ကစားတတ်ပုံရသည်။ သူ့အတွက် ပြိုင်ဘက်ကောင်း တစ်ယောက် ဖြစ်နိုင်လေသည်။

တရုတ်စစ်တုရင် ကစားရာတွင် တကျီမှာ သူ့အတွက်တော့ ကလေးသာသာမျှသာဖြစ်၏။ သူမနှင့် ကစားရသည်မှာ လွယ်လွန်းနေသည်။

ပြိုင်ဘက်ကောင်း တစ်ယောက်အား ရှာဖွေရသည်မှာ အလွန်ခက်ခဲလှသည်။

ထိုကြောင့်သူမေးလိုက်၏။
မိန်းကလေးချင် စစ်တုရင်ကစားတတ်လား

ချင်မင်ယွင် ခဏမျှ တွန့်ဆုတ်သွားသည်။ ပြီးမှ ခေါင်းညိတ်လိုက်၏။
နည်းနည်းပါးပါး ကစားတတ်ရုံပါပဲ

လီိနငျးဖနျ ဝမ်းသာသွားသည်။ သူမ နှိမ့်ချ ပြောဆိုနေခြင်းသာ ဖြစ်ပေလိမ့်မည်။

သူ ချက်ချင်း ပြန်ပြောလိုက်လေသည်။
ဒါဆို ကစားကြရအောင်

ဟုတ်ကဲ့ သက်ညှာပေးပါဦး 
ဆရာကြီးနှင့် ပိုမိုရင်းနှီးလာစေရန် စစ်တုရင်ကစားခြင်းမှာ ကြီးမားသော အခွင့်အရေးဖြစ်သည်။ ထိုကြောင့် ချင်မင်ယွင် လုံးဝ ငြင်းဆန်မည် မဟုတ်ပေ။

သူမမှာ အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။ ရှက်ရွံနေပြီး အတွေးလွန်နေမိသည်။

သူမရဲ့ စစ်တုရင် ကစားပုံက ဆရာကြီးထက် ပိုကောင်းနေရင်ရော.....

တမင် အရှုံးပေးလိုက်သင့်လား.....

ပုန်းကွယ်နေထိုင်သော ဆရာကြီးများသည် စစ်တုရင် ကျွမ်းကျင်စွာ မကစားတတ်လျှင်တောင် ကစားနေရသည်ကိုပင် နှစ်သက်သည် ဟု ရှေးလူကြီးများ ပြောကြသည်အား သူမကြားဖူးလေသည်။

ထိုပြင် သူတိုရှုံးနိမ့်သွားသောအခါတွင် ဒေါသပါသော မျက်လုံးစိမ်းများနှင့် ကြည့်တတ်သည် ဟုလည်း ကြားဖူးသည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now