39

1.3K 183 0
                                    

Uni
=======
#ကျုပ်ကဆရာကြီး
အခန်း ၃၉
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(ဒီကမ္ဘာပေါ်မှာ ဒီလို အလေ့အထ ရှိလို့လား)

ခင်ဗျား ကျုပ်ကို ဒါပေးမှာ သေချာလို့လား လီနင်းဖန် သစ်စေ့အား လေ့လာကြည့်ပြီးနောက် ပြောလာသည်။ ၄င်းမှ တဆင့် မည်သည့် အရာ ပေါက်ဖွားလာမည်အား သူ တကယ် သိလိုနေသည်။

လီနင်းဖန် စိတ်ဝင်စားနေသည်အား ကျောက်လောင်တု မြင်လိုက်သည်။ သူ ပျော်လွန်းသည်ကြောင့် တုန်ရင်သွားပြီး ပြောလာတော့သည်။
သခင်လေးလီ ဒါကို ခင်ဗျားက လွဲပြီး ဘယ်သူမှ သိမ်းထားနိုင်မှာ မဟုတ်ပါဘူးဒါက အချိန်ကြာရင် သေသွားနိုင်မလားဆိုတာ ဘယ်သူ သိမလဲခင်ဗျားနဲ့ပဲ ထိုက်တန်တာပါ

လီနင်းဖန် တခဏ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်လေသည်။
မှန်လောက်မယ် ဒီသစ်စေ့ အတွက် အားထုတ်မှု အချို့ လိုလောက်မယ် ထင်တယ်အခြားလူတွေ မလုပ်နိုင်လောက်ပဲ သေသွားမှာ စိုးလို့ ကျုပ်ပဲ ဒါကို သိမ်းထားလိုက်တော့မယ်

ဆရာကြီးကိုယ်တိုင်က အားထုတ်မှု အချို့ လိုမည်ဟု ပြောလာသည်ကြောင့် ထိုသစ်စေ့မှာ သာမန် ထက် လွန်ကဲနေလောက်မည်။ သူ မှ တပါး အခြားမည်သူ လုပ်နိုင်ဦးမည်နည်း။

ကျောက်လောင်တု သူ့မျက်နှာထက် စိတ်လှုပ်ရှားမှု အား ထိန်းမထားနိုင်ဟန် ရသည်။ ထိုသစ်စေ့မှာ သူ့အတွက် အသုံးမဝင်ချေ။ သို့သော် ၄င်းအား ဆရာကြီးက မျက်စိကျသွားလိမ့်မည်ဟု မည်သူ ထင်မည်နည်း။

အခြားသူများက သူ့အား မနာလိုစွာ ကြည့်လာကြသည်။ သူတို့ ရင်ထဲ ခါးသီးနေမိ၏။ ထို အဖိုးကြီး ကံကောင်းသွားခဲ့သည် မဟုတ်လား

ခဏအကြာတွင် သူတို့အကြား တျိတျဆိတျသှားသညျ။ လီနင်းဖန် က ကျင့်ကြံသူ ငါးဦး နှင့် မျက်နှာခြင်း ဆိုင်ထိုင်လိုက်သည်။ သူတို့က သူ့ထံ မှ အကူအညီတောင်းခံလာမလားဟု စောင့်နေ၏။ ထို ကျင့်ကြံသူများမှာ တော်တော်လေး စိတ်ထားကောင်းကြပြီး မှော်ဆေးပင်များစွာကိုလည်း ယူလာပေးသေးသည်။ လီနင်းဖန် အနေ နှင့် တစ်စုံတစ်ခု ပြန်ပေးရန် လိုပေသည်။ သို့သော်လည်း အချိန်တစ်ခု ကြာ စောင့်နေပြီးသည်တိုင် သူ့အား ဘာမှ မပြောလာကြချေ။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now