31

1.3K 197 0
                                    

Uni
=======
#ကျုပ်ကဆရာကြီး
အခန်း ၃၁
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(ကောင်းကင်အား ဆူပူခြင်း)

သဘာဝရဲ့ နိယာမ ကို လေ့လာတယ် ဟုတ်လား

ကျောက်လောင်တု မှာ ထွက်ရပ်ပေါက် အဆင့်များ ချိုးဖျက်ပြီးသော်လည်း ထို စကားလုံးများ ကြားလိုက်သည်တွင် ခါးသက်သက် ခံစားလိုက်ရသည်။

သဘာဝရဲ့ နိယာမကို နားလည်ဖို့အတွက် ဘယ်အဆင့် သို့ ရောက်နေရမည်နည်း။

ငါ တစ်ခါတုန်းက စာအုပ်တစ်အုပ် ဖတ်ဖူးတယ်အင်မော်တယ်တွေရဲ့ အထက်မှာ သူတော်စင် တန်ခိုးရှင် အဆင့် ရှိတယ်တဲ့ဒါ သေချာပေါက် သူတော်စင် တွေရဲ့ စွမ်းရည်တစ်ခု ဖြစ်ရမယ်လို့ ငါ ခနျ့မှနျးမျိတယျ ဧကရာဇ်က တွက်ချက် သည့် ဟန်ဖြင့် ပြောလာခဲ့သည်။

ပိုင်ဝူချန်း လည်း ခေါင်းညိတ်လိုက်၏။
သခင်လေးလီက ဘယ်အဆင့်ပဲ ဖြစ်ဖြစ် ငါတို့ အတွေးထက် ကျော်လွန်နေတယ်

သူတို့ အားလုံး တောင်ပေါ်သို့ အံသြမှုကြီးစွာ ဖြင့် တက်လာကြသည်။ မကြာခင်တွင် လေးပါးသော ဗိသုကာ စံအိမ်လေး ထံသို့ သူတို့ အဖွဲ့ရောက်ရှိလာသည်။ ဧကရာဇ် နှင့့် လျိုရှီယူ တို့မှာ ရုတ်ချင်း ကျောက်ရုပ်အလား ဖြစ်သွားကြ၏။ သူတို့မှာ အစီအရင် တစ်ခု ဖြင့် စီရင်ခံရသည့်အလား တဆတ်ဆတ် တုန်ရင်သွားခဲ့လေသည်။

သူတို့အကြည့်များ မှာ ဂိတ်တံခါး အပေါ်ရှိ ကျောက်စိမ်းပြားလေး ထံ ရောက်ရှိနေသည်။ သူတို့ ဦးနှောက်များလည်း တဝီဝီ မြည်နေ၏။

အဖေဒါဒါက လျိုရှီယူ မှာ မယုံကြည်နိုင်သည်အလား တံတွေးတစ်လုတ် မြိုချမိလိုက်လေသည်။

တော်ဝင်ဧကရာဇ် သည်လည်း လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
ဒါပဲ ဖြစ်ရမယ်အဲ့ဒီ ကျောက်စိမ်းပေါ်မှာ မူလပုံစံ ရဲ့ အရိပ်အငွေ့တွေ ရှိနေသေးတယ်

ဘယ်လို ဖြစ်နိုင်မှာလဲဒါ မယုံကြည်နိုင်စရာပဲ လျိုရှီယူ တော်တော်လေး တုန်လှုပ်နေမိ၏။

ပိုင်ဝူချန်း အံသြစွာ ကြည့်ကာ ရေရွတ်လာလေသည်။
ခင်ဗျားတို့က အဲ့ဒါကို တစ်ချက် ကြည့်ရုံပဲ ဘယ်လောက် အထင်ကြီးဖို့ ကောင်းလဲ သိကြတာလား

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now