71

1.1K 161 0
                                    

Uni
=======
#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၇၁
(ရုပ်မြင်သံကြားစက်- အခြားသောအသံဖြင့် ထိန်းချုပ်နိုင်သည့် အရာလေး )

ပုံရိပ်ဖော် ပုလဲ ....

လင်ယွင်အင်မော်တယ် ခုံရုံးရှိ တပည့်များ အားလုံးမှာ ၎င်းအား သိကြသည်။ ၎င်းက လင်ယွန် အင်မော်တယ်
ခုံရုံး၏ ခမ်းနားသော စွမ်းအားတို့ကို မှတ်သားထားနိုင်သည့် အရာတစ်ခုပေ ဖြစ်သည်။

၎င်းက အလွန်အမင်း ခမ်းနားကြီးကျယ်ကာ သူတို့ ဘိုးဘေးများ၏ သင်္ကေတလည်းပဲ ဖြစ်သေးသည်။
ပုံရိပ်ဖော်ပုလဲ က ထူးခြားသည့် ရတနာဖြစ်ပေသည်။ ၎င်းက တိုက်ခိုက်နိုင်စွမ်းမရှိသလို ခုခံနိုင်စွမ်းလည်း
မရှိချေ။ သို့သော် ပုံရိပ်များကိုသာ ပြန်လည်ပြသနိုင်လေသည်။ မှော်စွမ်းအားများ နှင့် တာအို အား ထို
ပုံရိပ်ဖော်ပုလဲ ထဲသို့ ကူးပြောင်းနိုင်သည်။

၎င်းက ပုံရိပ်ယောင်များအသွင် ကူးပြောင်းကာ အခြားသူများအား ပြန်လည်ပြသနိုင်စွမ်းရှိ၏။ ထိုအရာက အခြားသူများအား ပြန်လည်သင်ကြားပေးပြီး အတွေ့အကြုံ မျှဝေနိုင်သည့် အရာတစ်ခု ဖြစ်ပေသည်။

ထိုပုံရိပ်ဖော်ပုလဲအား မျိုးဆက် အဆင့်ဆင့်ထံသို့ လက်ဆင့်ကမ်းခဲ့ကြသည်။ ၎င်းက တပည့်များအတွက်
သင်ယူရန် အတော်လေး လွယ်ကူလှ၏။ သူတို့က အထဲရှိ မြင်ကွင်းများကို လေ့လာသင်ယူနိုင်ကာ ကျင့်ကြံခြင်းအဆင့် တိုးမြင့်နိုင်စွမ်းရှိကြသည်။

၎င်းက တိုက်ရိုက် သင်ယူနိုင်သည်သာမက အတော်လေးလည်း အသုံးဝင်လှ၏။
ထိုအထဲရှိ မြင်ကွင်းများမှာ လင်းယွင် အင်မော်တယ်ခုံရုံးရှိ ဘိုးဘေးတို့ ပြသခဲ့သည့် အဆီအနှစ်များပင် ဖြစ်သည်။ သူတို့၏ ဘိုးဘေးများက အင်မော်တယ် အဆင့်သို့ တက်လှမ်းကာ အင်မော်တယ်လောက သို့
ကူးပြောင်းသွားခဲ့ပြီ ဖြစ်ပေသည်။

သူတို့၏ တာအိုသင်ကြားခြင်းများကို ထိုပုံရိပ်ဖော်ပုလဲထဲတွင် ချန်ထားပေးခဲ့သည်။ သူတို့၏ တပည့်များသည်တော့ ၎င်းအား အကျိုးရှိစွာ အသုံးချနိုင်ခဲ့ပြီး ကျင့်ကြံခြင်း၌ တိုးတက်လာရသည်။ ထို့နောက်တွင်မူ ပုံရိပ်ဖော်ပုလဲမှာ လင်းယွင်အင်မော်တယ် ခုံရုံး၏ အထူးခြားဆုံးသော ရတနာတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now