Epi(1) Unicode

39.3K 1.4K 55
                                    

အပိုင်း(၁)

ယနေ့ မိုးအုံရုံမဆိုသာသော ရာသီဥတုသည် အနည်းငယ် အေးစိမ့်စိလျက် ရှိသည်။ ဖြည်းညင်းစွာတိုက်ခတ်နေသော လေပြည် လေညင်း‌လေးများက ရန်ကုန်၏ ညနေပိုင်း‌ကို ပုံဖော်နေသည်။

မကျဉ်းမကျယ် လမ်းကြားလေးတွင် 'အေးရိပ်'အမည်ရသော အအေးဆိုင်လေးရှိသည်။
ထို'အေးရိပ်' ဆိုသောအအေးဆိုင်တွင် တစ်ယောက်တည်း အေးအေးလူလူ‌ထိုင်နေသော ကောင်လေးတစ်ယောက်လည်း ရှိနေသည်။

ထိုကောင်လေးမှာ အင်္ကျီ T-Shirt အဖြူပွပွ လွင်လွင်လေးကို ဘောင်းဘီ ဖြူဖြူစွတ်စွတ်ဖြင့် တွဲဖက်၀တ်ထားသော်လည်း ကြည့်ရမဆိုး ၊ သူ့အသားအရည်က ကြည်ကြည်လေးမို့ ပို၍ပင်လိုက်ဖက်နေ‌သေးသည်။လေးထောင့်မျက်မှန် အကြည်လေးက သူ၏ မေးရိုးသွယ်သွယ်လေးကို ပံ့ပိုးပေးနေသယောင်။ All whiteနှင့် လိုက်ဖက်လှသော
ထိုကောင်လေး၏ ပုံစံမှာ အေးချမ်းလှပြီး တစ်ခုခုကို တွေးမော‌နေသလို။

မိုးသန့်ညိမ်သည် မန္တလေးမှ ရန်ကုန်သို့ပြောင်းလာသည်မှာ တစ်လကျော်ရှိပြီဖြစ်သည်။

သူ့ဖြစ်တည်မှု ။ သူ့၏ လိင်စိတ်ခံယူမှုကို လက်မခံနိုင်သော အိမ်က "သားရယ် အောင်စာရင်းလဲ ထွက်ပြီးပြီပဲ ၊ရန်ကုန်က သားအဒေါ်အိမ်မှာ ခဏလောက်သွားနေပါ "ဆိုသည့်စကားဖြင့် ပ ထုတ်လိုက်ခြင်း ။
ပ ထုတ်ခြင်းဆိုသည်ထက် အလိမ္မာနည်းနည်း နှင်ချလိုက်ခြင်းဖြစ်သည် ။
စာမေးပွဲဖြေပြီး သုံးလအတွင်းလည်း သားအဖနှစ်ယောက်လုံး ဘာစကားမှ မပြောဖြစ်ခဲ့ကြ။

မိုးသန့်ညိမ်သည် ငယ်ငယ်တည်းက အေးဆေးနေတတ်သူတစ်ဦးပင် ။ အရွယ်ရောက်လာသောအခါ ဆန့်ကျင်ဖက်လိင်အပေါ် စိတ်၀င်စားမှုမရှိခဲ့တာက လွဲလျှင် သူ့ဘာသာ ဘာသိဘာသာ နေတတ်သူတစ်ဦးဖြစ်သည်။

သို့ပေမဲ့ နောက်ကျော ဓားထိုးခံရတဲ့ ခံစားချက်ကို 
အချစ်ရဆုံး သူငယ်ချင်းက ကောင်းကောင်းကြီးသင်ပေးလိုက်သည် ။
အဖော်မက်သူဖြစ်၍လားမသိ ၊ အသဲကွဲခြင်းဆိုသော အရာထက် အချစ်ဆုံးသူငယ်ချင်းထံမှ သစ္စာဖောက်ခံရခြင်းဆိုတဲ့ အရာက လူတိုင်းကိုမယုံကြည်သင့်ကြောင်း နှလုံးသားထက်၌ မြဲမြံစွာ နေရာယူသွားလေပြီ။

Love Of My Life [Completed]Where stories live. Discover now