Thidingkyut Extra

3.9K 203 13
                                    

(Unicode+Zawgyi)

Scroll down for Zawgyi font

"ခီ…ဘာဖြစ်နေတာလဲ "

"ညိမ်ကလည်း ခီလို့မခေါ်ပါနဲ့ဆို"

မိုးသန့်ညိမ်သည် ခါးတစ်လျှောက်လာပွတ်သပ်နေတဲ့ လက်ချောင်းသွယ်သွယ်တွေရဲ့ အထိအတွေ့ကြောင့် နေရခက်လာသည်။
အရင်က ကိုယ်ကချော့ပြောရင်တောင် ခပ်တည်တည်လုပ်နေတတ်သည့် သူဆိုတာ ဘယ်ကိုပင်ရောက်သွားမှန်းမသိရ။

"မလုပ်နဲ့တော့ကွာ"

သူ့ကို အဖက်မလုပ်ပဲ အင်္ကျီတွေကိုသာ ခေါက်ထည့်နေတဲ့ ညိမ်ကြောင့် ခီတန်ကူးဇဏ်စိတ်ဆိုးလာသည်။
အမြဲလိုလိုအိမ်ရှင်မတစ်ယောက်လို နေနေသည်ကို ခီတန်ကူးဇဏ်မကြိုက်။
အမြဲတကုပ်ကုပ်နှင့် ဘာတွေလုပ်နေမှန်းမသိ။

ညိမ်က ပင်ကိုယ်ချစ်စရာကောင်းတာမို့ ချွဲတာဘာညာလည်း လုံး၀မလုပ်ပေ။
သူနည်းမျိုးစုံနှင့် နှောင့်ယှက်နေပေမဲ့ ညိမ်က တုတ်တုတ်တောင် မလှုပ်။

"အဲ့တာဆို မင်းလာလုပ်"

"မောင်လည်း မလုပ်ဘူး ။ ညိမ်လည်း မလုပ်နဲ့ "

"ဘယ်လို ခီတန်ကူးဇဏ် ! ဒါဆို ငါတို့ကြွက်သိုက်မှာ နေသလိုဖြစ်နေမှာပေါ့ "

"ဘာဖြစ်လဲ ကြွက်သိုက်လည်း ညိမ်နဲ့ဆို နေလို့ရတာပဲ"

ခီတန်ကူးဇဏ်က မိုးသန့်ညိမ် ပုခုံးပေါ်သို့ ခေါင်းတင်ကာ ပြောသည်။

"မင်း တအားအကျင့်တွေပျက်လာတယ်နော် "

"မောင်က ညိမ်ကို ဒါတွေလုပ်ခိုင်းဖို့ ယူထားတာမှမဟုတ်တာ ။ အိမ်ရှင်မနေရာ လွတ်နေလို့ ယူထားတာမဟုတ်ဘူး ချစ်လို့ယူထားတာလေ "

"ဘာပဲဖြစ်ဖြစ်လေ လူနှစ်ယောက် တစ်အိုးတစ်အိမ်ထူထောင်ပြီဆိုတည်းက ဒါတွေကအနောက်မှာ ကပ်လိုက်လာတာပဲလေ ခီရဲ့ မဆိုးနဲ့ကွာ "

"ညိမ်ကဗျာ"

ခီတန်ကူးဇဏ်က တဖြည်းဖြည်း စိတ်တိုလာပုံရသည်။
မျက်မှောင်ကျုတ်ကာ လေသံမှာလည်း အနည်းငယ်တင်းလာသည်။
မိုးသန့်ညိမ်လည်း စချင်တာကြောင့်…

"အဲ့တာကြောင့် ငယ်ငယ်တုန်းက မေမေကပြောတာ ငယ်တဲ့သူတွေယူနဲ့ ဆိုးတာခံရမယ်တဲ့ ၊ ကိုယ်တော့ အဆိုးခံနေရပြီလား မသိပါဘူး ကြီးတဲ့သူပြောင်းရှာရင် ကောင်းမလား"

Love Of My Life [Completed]Where stories live. Discover now