Epi(22) Unicode

9K 764 29
                                    

အပိုင်း(၂၂)

ဆူးက ပစ္စည်းများကို လိုအပ်သည်ထက်ပိုကာ ခြင်းထဲသို့စွတ်ထည့်နေသဖြင့် ရတုတားလိုက်သည်။

"ဆူး စွတ်ထည့်မနေနဲ့လေ ။ ပိုက်ဆံကိုတအားသုံးမနေနဲ့ နင်ပြည်တွင်းမှာပဲရှိသေးတာနော် ။ ဟိုရောက်ရင်လည်းနင်လိုချင်အုံးမယ် "

ဆူးကရတုလက်မောင်းကို တစ်ချက်ရိုက်လိုက်ပြီး…

"အေးပါဟယ် သိပါတယ် နင်လည်းအဖိုးကြီးကျနေဝာပဲ စိတ်လေတယ် ပြီးတော့ဟိုမှာက ခီကူး၀ယ်ပေးမှာပေါ့"

"ဪ ငါကစေတနာနဲ့ပြောတာလေ ။ ဇဏ်က အကုန်အကျခံပေမဲ့ နင်လိုချင်တာမှန်သမျှ၀ယ်ပေးရအောင် နင်ကသူ့ရည်းစားမို့လို့လား "

"တိတ်စမ်း ။ ငါ့ကိုအဲ့လိုလာမပြောနဲ့ ကျောင်းမှာလည်း အဲ့လိုတွေခဏခဏ ကြားနေရလို စိတ်တိုနေရတဲ့ကြားထဲ "

ခြင်းကြီးကိုတွန်းသွားကာ ကောင်တာဆီသို့ ကော့တော့ ကော့တော့ လျှောက်သွားသော ဆူးနောက်သို့ ရတုအမြန်လိုက်ရသည်။ ရုတ်တရက် တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် ဆူးကိုကုပ်မှ ရတုဆွဲလိုက်သည်။

"ဟဲ့ဟဲ့ ဘာလို့လာဆွဲတာလဲဟ "

"နင်တိတ်တိတ်နေ ဟိုဘက်ကကောင်တာကိုကြည့်လိုက် "

"ဘယ်ဟာလဲဟ "

"နှစ်တန်းကျော်က ငွေရှင်းကောင်တာကိုကြည့်လိုက်ပါဆို "

ဆူး ရတုညွှန်ပြရာဘက်ကိုကြည့်လိုက်တော့မှ ကိုရတုရှင်းကိုတွေ့လိုက်ရသည်။ အသားဖြူဖြူ ဒေါင်ကောင်းကောင်းနဲ့မို့ ထိုင်းမင်းသားလိုလိုဖြစ်နေသည်။ သူ့ရှေ့မှကောင်လေးကိုလည်း ပြုံးရယ်ကာစကားတွေပြောနေသည်။ ကောင်လေးကဆူးတို့ကိုနောက်ကျောပေးထားသဖြင့် ရုပ်ကိုတော့မမြင်ရ ။

"ဟဲ့ နင့်အစ်ကိုမလား သွားနှုတ်ဆတ်ရအောင်လေ "

ဆူးက ခုနကမမြင်လိုက်ပေမဲ့ ရတုကတော့မြင်လိုက်သည်မို့ တစ်ဖက်မှကောင်လေးဘယ်သူဆိုတာလည်း ရတုသိသည်။

"ဒါပေမဲ့ တစ်ယောက်တည်းမှမဟုတ်တာ "

"ရှေ့ကကောင်လေးက နင့်အစ်ကိုကောင်လေးလား လိုက်ဖက်လိုက်တာဟယ် ငါတို့သွားစပ်စုရအောင်လေ နင်လည်းနော် လျှိုထားတယ် "

Love Of My Life [Completed]Where stories live. Discover now