Epi(5) Unicode

11.9K 1K 4
                                    

အပိုင်း(၅)

သော်မှူးက ဖုန်းဆက်ကာ မုန့်လိုက်ကျွေးမယ်ဟုဆိုသောကြောင့် မိုးသန့်ညိမ်နှင့်သော်မှူးဟန် နှစ်ယောက်သား စားသောက်ဆိုင်တစ်ခုသို့ရောက်နေကြပါ၏ ။

Vanilla Restaurant

ဆိုင်လေးက နာမည်လေးနှင့် လိုက်သည် ၊ ချစ်စရာအပြင်အဆင်များနှင့် တကယ့်ကို ထိုင်လို့ကောင်းသောနေရာတစ်ခု ၊ တစ်ခါတည်းမှာကာ ကောင်တာမှာ ရှင်းခဲ့ရတာဖြစ်ပြီး အေးဆေးထိုင်စားလို့ရသောဆိုင်မျိုးပင်။ ဆိုင်ဖွင့်တာ တစ်နှစ်ပြည့်ပုံရသည်။ဆိုင်အတွင်း၌ တစ်နှစ်ပြည့်အခမ်းအနားမို့ Discount များလည်း ရာခိုင်နှုန်းနှင့်ရှိကာ လူလည်းစီပါ၏ ။ဆိုင်က သုံးထပ်ဖြစ်ပြီး နှစ်ထပ်ကိုသာဆိုင်အတွက် သုံးသည်ထင်၏။

"ဘာစားကြမလဲ"

"ငါလည်း မသိဘူး"

မိုးသန့်နှင့်သော်မှူးတို့နှစ်ယောက် အောက်ထပ်က ကောင်တာ၌ ဘာစားမလဲစဉ်းစားနေကြခြင်း။

ဘယ်လောက်ဘဲခင်ခင် ညိမ်က အားနာတက်သည်မို့ တုံယမ်းထမင်းကြော်နှင့် ချောကလတ်ကော်ဖီတစ်ခွက်သာ မှာလိုက်သည်။

"သော်မှူး အောက်ထပ်မှာပဲ ထိုင်ကြမယ်လေ "

"အေး မင်းသဘောပဲလေ"

ညိမ်နှင့်သော်မှူးတို့ အောက်ထပ်က ချောင်ကျကျဝိုင်းတစ်နေရာမှာ ထိုင်လိုက်သည်။

"ဟေ့ကောင် မိုးသန့် မင်းကိုကောင်မလေးတွေကြည့်နေတယ် "

"ဟာ မင်းကလည်း မဟုတ်တာ ။ဘာတွေပြောနေတာလဲ"

"ဟုတ်ပါတယ်ဆို ၊ ချစ်စရာလေးတွေကွ"

ဒီကောင်တော့ စလာပြန်ပြီ!

မိုးသန့်ညိမ်သည် Shirt အင်္ကျီနီညိုရောင်ကို style pant ခဲရောင်ဖြင့် တွဲ၀တ်ထားသည်။ အသားကဖြူသူဖြစ်ပြီး မျက်မှန်လေးနဲ့မို့  ညိမ်က လူတိုင်း၏ မျက်စိထဲတွင်လူ‌ချောလေးအဖြစ်  ထင်းနေပါ၏။

တစ်ခဏစောင့်ပြီးနောက် သူ့တို့ဝိုင်းဆီသို့ မှာထားသော အစားအသောက်များကို ကောင်မလေးတစ်ယောက်မှ လာချပေးသည်။

"မိုးသန့် "

သော်မှူးခေါ်လာသောကြောင့် စားနေရင်းသူကြည့်မိတော့ တစ်ခုခုကိုပြောရခက်နေသလို ၊
ပြောဖို့ တွေနေပုံရတာကြောင့် သူအရင်စကားလမ်းကြောင်းပေးလိုက်သည်။

Love Of My Life [Completed]Where stories live. Discover now