Epi(25) Unicode

8.9K 691 40
                                    

အပိုင်း(၂၅)

"ညိမ်…ညိမ် ထ…ထ"

ပါးသို့ထိနေသော အေးစက်စက်လက်ဖဝါး၏ အသိကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ ဝိုးတဝါးမြင်နေရတဲ့မျက်နှာ ။ မျက်လုံးကိုပွတ်လိုက်တော့ လက်ကိုလှမ်းဆွဲသည်။

"မျက်လုံးနာသွားမယ် မပွတ်နဲ့"

"ဟင်…ခီလား"

"အင်း ‌ကျွန်တော် "

"ဘာကိစ္စလဲခီ အခုမှ အ‌‌စောကြီးရှိသေးတာမလား  ဘာဖြစ်လို့လဲ နေမကောင်းလို့လား "

"ဘာမှမဟုတ်ဘူး ညိမ်နဲ့မနက်ပိုင်းလည်မလို့ ။ မျက်နှာသစ် အ၀တ်အစားလဲပြီး ထွက်ခဲ့နော် "

"ဟင် အင်းအင်း "

ခီကပြောပြီးတာနှင့် အခန်းထဲမှ ထွက်သွားသည်။ မိုးသန့်ညိမ်လည်း သူပြောသလိုထကာ နာရီကိုကြည့်လိုက်တော့ ခြောက်နာရီသာရှိသေးသည်။ ခြောက်နာရီကသိပ်အစောကြီးမဟုတ်ပေမဲ့ တော်ရုံဒီအချိန်ကထလေ့မရှိတာကြောင့် နည်းနည်းတော့ ပျင်းဖို့ကောင်းတယ်။

မျက်နှာသစ်ရုံဆို လူကမလန်းမှာသိနေတာကြောင့် ရေကိုခပ်သွက်သွက်ချိုးပြီး T-shirt အဖြူနဲ့ ဘောင်းဘီဒူးတို ခပ်ပွပွကို၀တ်လိုက်သည်။ ရေချိုးပြီးပြီးချင်းမို့ လက်တို ‌အပေါ်ကို၀တ်လိုက်ကာ ဂျယ်လ်မွှေးမွှေးလေးကိုလူးလိုက်ပြီး သူလွယ်အိတ်ကိုလွယ်လိုက်သည်။

သူအခန်းပြင်ကိုထွက်လာတော့ ဘယ်သူကိုမှ‌မတွေ့။
အမှန်ဆို ဆူးတို့ရတုတို့ ရှိနေမှာမဟုတ်ဘူးလား။
သူစဉ်းစားနေတုန်း ခီကတစ်ဖက်မှ သူ့အခန်းထဲမှ ထွက်လာသည်။
ချည်ပွပွ ရှပ်လက်ရှည်အဖြူက သူ့ရဲ့ ဖြူဖွေးဖွေးအသားရောင်နဲ့ လိုက်ဖက်နေသည်။ အပြာနုရောင် jeans ဘောင်းဘီက သူ၀တ်ဆင်လိုက်သောအခါ ငယ်ရွယ်မှူရဲ့ ပြယုဂ်အလား သစ်လွင်လန်းဆန်းနေသည် ။

သူ့ကိုမြင်တော့ ခီက သွားစွယ်ဖွေးဖွေးများပေါ်အောင်ပြုံးသည်။

ဒီအပြုံးက ငါးခါမြောက်ထင်တယ်။

"ဆူးတို့အိပ်တုန်း ညိမ်။ ဘယ်လိုလုပ်မလဲ ။ ကျွန်တော်တို့ နှစ်ယောက်ပဲ သွားရတော့မယ်ထင်တယ် "

Love Of My Life [Completed]Where stories live. Discover now