Epi(6) Unicode

12K 1K 39
                                    

အပိုင်း(၆)

စိမ်းစိုနေသော မြက်ခင်းများ ၊ အုံ့ဆိုင်းနေသော အပင်များက ကျောင်းဧရိယာကို လှပအသက်၀င်စေသည်။ အသီးသီးအလျှိုလျှို၀င်ကြသော ကျောင်းသား ၊ကျောင်းသူများမှာလည်း မိခင်ကျောင်းတော်ကြီး၌ ခိုလှုံရန်အသင့်ရှိနေကြသည်။

စိမ်းဖန့်ဖန့် သစ်ပင်များများကြား အဖြူအစိမ်းကို ဆင်တူ၀တ်ဆင်ထားသော ကျောင်းသားကျောင်းသူများသည် သဘာ၀ကပေးသော ရင်သွေးငယ်များအလား။

မနက်ခင်းနှင့်အပြိုင် လန်းဆန်းတက်ကြွနေသောကျောင်းသူကျောင်းသားများက ကျောင်းတော်ကို ပို၍ပင် အသက်၀င်စေသည်။

မြို့ထဲရှိ လူကုံထံ‌များ၏ သားသမီးအများစုတက်ကြသည့်ကျောင်းကြီးဖြစ်သည့်အလျောက် ကျောင်းကြီးမှာ အလွန်ခမ်းနားထည်ဝါလှသည်။ ကျောင်းကြီးဆီသို့ အသီးသီးအလျှို၀င်လာကြသော ကျောင်းသားများ ၊ တစ်ချို့က စက်ဘီးဖြင့်လာသည် ၊ တစ်ချို့က Ferry ဖြင့်လာသည် ၊ တချို့ကကားဖြင့်လာကြသည်။

ကျောင်းသား ၊ ကျောင်းသူများက ကျောင်း၀န်းထဲတွင် ဟိုတစ်စု ဒီတစ်စုဖြင့် စည်ကားနေသည်။တချို့ကျောင်းသူလေးများလည်း တစ်စုံတစ်ယောက်အလာကို ကျောင်းပေါက်၀က စောင့်မျှော်နေပုံ။

"ဟဲ့ မလာသေးဘူးလား "

ကျောင်းသူလေးတစ်ယောက်က အလောတကြီးမေးရင်း ကျောင်းပေါက်၀နားကသစ်ပင်ကြီးဆီသို့ပြေးလာသည်။

"မလာသေးဘူး ၊ ဖြည်းဖြည်း တာရီ "

"ပြီးတာပဲ သူနောက်မကျတတ်ပါဘူး အရင်က"

"နင်ကလည်း တစ်ခါတလေလည်း နောက်ကျမှာပေါ့ဟယ် "

ကျောင်းပေါက်၀ဆီသို့ ထိုးရပ်လာသော အနက်ရောင် BMW ကားတစ်စီး ။ ကားပေါ်မှ ဆင်းလာသော ‌ခပ်ချောချော ကျောင်းသားတစ်ဦး ။ ဤသည်မှာဘယ်သူ့မှမဟုတ် တစ်ကျောင်းလုံးရဲ့ အသည်းကျော် ၊ နာမည်ကျော် ခီတန်ကူးဇဏ်ပင်ဖြစ်သည်။

ခီတန်ကူးဇဏ်သည် လွယ်အိတ်နက်ပြာလေးကို လွယ်ရင်း ကျောင်းထဲသို့ တစ်လှမ်းချင်းလျှောက်ကာ ၀င်လာပါ၏။

Love Of My Life [Completed]Where stories live. Discover now