Epi20(Unicode)

9.1K 751 6
                                    

အပိုင်း(၂၀)

ဒီရက်ပိုင်း ညိမ်နှင့်တောင်မတွေ့ဖြစ်ဘဲ အိမ်တွင်းအောင်းရင်းသာ ကိုယ့်စိတ်ကိုယ် စမ်းစစ်နေခဲ့တာဖြစ်သည်။ TVကြည့်လိုက် ဂိမ်းဆော့လိုက်လုပ်နေသောသူ့ကို ဖွားကမကြည်သလိုရှိပေမဲ့ ဘာမှတော့မပြော။ အရင်လို စစ်သွေးနဲ့ လျှောက်မသွားတော့တာကို ကျေးဇူးတောင်တင်နေသင့်တာ။

ရေမိုးချိုးပြီး ဂိမ်းဆော့ရန်ပြင်နေသောအချိန်တွင် ဖုန်းမှ မြည်ဟီးလာသော ringtone သံကြောင့် အကြည့်တို့က ဖုန်းထံရောက်သွားရသည်။ ဖုန်းပေါ်ကမှတ်ထားသည့် နာမည်လေးကြောင့် ခီ့နှုတ်ခမ်းတို့ပြုံးသွားသည်။

📲I belong with you , you belong with me.
You're my sweetheart.📲

ထိုဖုန်းသံက သူချစ်ရသောသူအတွက် တသီးတသန့်ထားတာဖြစ်သည်။ အခြားသူများဖုန်းခေါ်လျှင် သာမာန်သာဖြစ်သော်လည်း ဒီသီချင်းက သူ့တစ်ယောက်အတွက်သာ။

ခီတန်ကူးဇဏ်ကဆော့ရန်လုပ်နေသော ဂိမ်းစက်ကို ဘေးချပြီး ဖုန်းကိုလွတ်ကျသွားမှာစိုးသည့်အလား အလျင်အမြန်ကောက်ယူသည်။

"ဟယ်လို ညိမ် ၊ ဘာကိစ္စရှိလို့လဲ "

"ဘာမှမဟုတ်ပါဘူး ဒီအတိုင်းပျင်းလို့ "

"ပျင်းနေလို့လား ၊ ကျွန်တော်တို့ဘယ်သွားကြမလဲ ဒါဆို "

"သွားရမှာလည်း ပျင်းတယ် "

"ဟောဗျာ "

"ဒါပေမဲ့ ငါခရီးသွားမလို့ "

"ဟင် ဘယ်ကိုလဲ ၊ ဘယ်သူနဲ့သွားမှာလဲ ညိမ်ရဲ့ "

"မသိသေးဘူး ငါတစ်ယောက်တည်းဖြစ်ချင်ဖြစ်မယ် သော်မှူးပါရင်လည်းပါမယ် ။ မပြောတတ်ဘူး "

"ဟာ တစ်ယောက်တည်းမသွားရဘူး "

သူ့ရဲ့ လျင်လျင်မြန်မြန်ထွက်သွားတဲ့ စကားသံကြောင့်ပေလားမသိ။ ညိမ့်ဘက်မှ စကားသံကရပ်တန့်သွား၏။

သူလည်း ချောင်းကို အသာဟန့်ရင်း

"အတူတူသွားကြမယ်လေ ညိမ်ရဲ့ ။ လူများတော့ ပျော်ဖို့ကောင်းတာပေါ့ "

"အင်း ။ အဲ့လိုလည်း ဟုတ်သားနော် "

"ဒါဆို ဘယ်ကိုသွားကြမလဲ "

Love Of My Life [Completed]Where stories live. Discover now