Epi(13) Unicode

9.9K 881 15
                                    

အပိုင်း(၁၃)

ညနေ ကိုကြီးကလာလျှင် စာမေးမည်ဆိုသောကြောင့် ကျောင်းပိတ်ရက်တောင် ဆူးအရင်လို အလေမလိုက်နိုင် ။ စာကိုသာဖိလုပ်နေရ၏။ ကိုကြီးက လေသံအေးအေးလေးနှင့် ပြောဆိုတတ်သူဖြစ်သည်။ ကိုကြီးကြောင့်ပေလားမသိ ဆူး၏ ပညာရေးကတော့ အရင်ကလောက် မဆိုးတော့ ၊ တော်တော်လေးလိုက်နိုင်လာတယ် ပြောရမယ်။

"သမီး!"

အခန်းတံခါးကို ဖွင့်ကာ ၀င်လာတဲ့မေမေက ဆူးကိုတွေ့တော့ အလန့်တကြားခေါ်လာသည်။ မေမေဘာလို့ အလန့်တကြားဖြစ်လာတာလည်းဆိုတာကို ဆူးမြင်တာနှင့် သိပါသည်။

"ရှင်"

"ငါ့သမီးနေများမကောင်းဘူးလား "

မေမေက ဆူး၏ နဖူးသို့ လက်ဖြင့်စမ်းကာပြောလာတော့…

"ကောင်းပါတယ် မေမေရဲ့ "

"ဒါနဲ့ မေမေ မေးရဦးမယ် ၊ သားညိမ်နဲ့ သင်ရတာကော အဆင်ပြေရဲ့လား သမီး ဂိုက်ဆိုပေမဲ့ နားမလည်တဲ့စာတွေပြန်ရှင်းပြတာကော နားလည်ရဲ့လား "

"အင်း နားလည်တယ်မေမေရဲ့ ပြီးတော့အရင်အစ်ကိုကြီးက ကျူရှင်က သင်လိုက်တဲ့ စာတွေပဲ ပြန်ရှင်းပြတာ ကိုကြီးကကျ ‌ကျူရှင်ကစာတွေထက်တောင် ကျော်သေးတယ် သိလားမေမေ အဲ့တော့ ကျူရှင်မှာသင်တဲ့အခါ သမီးက နှစ်ခါရသွားသလိုဘဲ မေမေရဲ့ ကိုကြီးက ပထမက သူသေချာမသင်တတ်လို့ တောင်းပန်တယ်ဆိုပေမဲ့ အခုထိတော့ အဆင်‌ပြေနေတာပဲ "

"အေးကွယ် ရုပ်လေးကလည်း ချောချောလေး ၊ သဘောလည်း ကောင်းတယ်ဆိုတော့ တက္ကသိုလ်သာတက်ရင် ဒီကလေးနား ဝိုင်းဝိုင်းလည်နေမှာဘဲ "

"ဟုတ်တယ်နော် "

အဲ့ဒီ ဝိုင်းဝိုင်းလည်နေတဲ့ အထဲ အမေ့သမီးလည်းပါတယ်ဆို‌တာတော့ ဆူးထည့်မပြောဖြစ်တော့။ ပြောလျှင် အိမ်ပေါ်က ခေါင်းနဲ့‌ဆင်းရနိုင်ချေရှိသည်။

"ဒါနဲ့ မေမေ သမီးကို ဘာလုပ်ဖို့ ခေါ်တာလဲ "

"‌အရင်တခါကော်ပြန့်စိမ်းစားချင်တယ်ဆို အဲ့တာလုပ်ထားတယ် စားဖို့‌လာခေါ်တာ သမီးရဲ့ "

"ဟယ် ဟုတ်လား "

ဆူးရဲ့ မျက်လုံးများက ဘလင်းလင်းထသွားသည်။ သူစားချင်နေတာ ဟိုအပတ်ထဲကဖြစ်သည်။

Love Of My Life [Completed]Where stories live. Discover now